ချစ်စရာကောင်းတဲ့ မင်းသမီးတစ်လေးဖြစ်တဲ့ ဖွေးဖွေးကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားပြီး လူကြိုက်များတဲ့ မင်းသမီးတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်။ ဘယ်လိုဇာတ်ရုပ်မျိုးကို မဆို ကျရာနေရာကနေအကောင်းဆုံးသရုပ်ပေါ်အောင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့် အနုပညာရှင်တစ်ဦးတဲ့ အရည်အချင်းတွေများစွာရှိတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အကယ်ဒမီဆုတွေကိုဆွတ်ခူးထားနိုင်တဲ့ အပြင် လာမယ့် အကယ်ဒမီပေးပွဲမှာလည်း ပရိသတ်တွေရဲ့ ထင်ကြေးပေးခံရမှုအများဆုံးဖြစ်တဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။

လက်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် အခြား မဂ္ဂဇင်းမော်ဒယ်တစ်ဦးအဖြစ်နဲ့ ပါ တွေ့မြင်ရမယ့် ဖွေးဖွေးကတော့ ပရိသတ်တွေရင်ထဲက ဘယ်တော့မှ မပျောက်ပျက်သွားနိုင်မယ့် နတ်သမီးလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကိူ အရမ်းဖော်ရွှေတတ်ပြီး ကလေးတစ်ယောက်လို ဖြူစင်တဲ့ စိတ်ထားလေးကြောင့် ပရိသတ်တွေက အ၇မ်းကို ချစ်နေရတဲ့ သူလေးလည်း ဖြစ်ပါတယ်။

ဖွေးဖွေးက သူမ အရမ်းကို ချစ်ရတဲ့ ပရိသတ်တွေအတွက် သူမရဲ့ ချစ်စရာကောင်းတဲ့ လှုပ်ရှားမှုလေးတွေကို လူမှုကွန်ရက်စာမျက်နှာထက်မှာ အမြဲတင်ပေးနေကြဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတဲ့ ဖွေးစိန်လေးက ပရိသတ်တွေအတွက်တော့ ချစ်မဝနိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်နေပါတယ်။ ယခုလည်း ခပ်မိုက်မိုက် ဆံပင်အကောက် စတိုင်အသစ်လေးကို လေမှာဝဲရင်း ပရိသတ်တွေကို ကြွားလိုက်တဲ့ ဖွေးလေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

Source:Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။