ပရိတ်သတ်ကြီးရေ.... အခု ထက်ထိအောင် ဆံရှည် ဂုတ်ဝဲ နှုတ်ခမ်းနီမလေးတွေအသဲစွဲဖြစ်နေရတဲ့ အဆိုတော် သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်ဟာ နိုင်ငံကျော်အနုပညာရှင်တစ်ယောက်ပါပဲနော်။ သီချင်းဆိုတဲ့နေရာမှာ စိုင်းစိုင်းဟာ ကိုယ်ပိုင်flow ကိုယ်ပိုင်ကာရံတွေကိုသာ ထွင်ပြီး သီဆိုတတ်တဲ့ သူဖြစ်တဲ့အတွက် အမြဲတမ်းအသစ်အဆန်းတွေကိုပရိတ်သတ်တွေမျက်မြင် ချပြခဲ့နိုင်သူလည်းဖြစ်ပါတယ်။

ဒီလို အရည်အချင်းတွေကြောင့်လည်း လူငယ်တွေသာမက လူကြီးတွေကပါအားပေးခြင်းခံရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်နေရတာပါနော်။ ရုပ်ရှင်အနုပညာလောကထဲမှာလည်း နေရာတစ်နေရာကိုပိုင်ပိုင်နိုင်နိုင်ရရှိထားသူတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ သဘာဝကျတဲ့ဇာတ်ရုပ်ပုံဖော်မှုတွေကြောင့်ပရိတ်သတ်တွေရဲ့ လက်ခုပ်သံတွေကို များစွာသိမ်းယူနိုင်ခဲ့ပါတယ်။

စိုင်းစိုင်းဟာ ဂီတလောကထဲကို စတင်အခြေချကတည်းက ရှိခဲ့တဲ့ အချစ်ရဆုံးသော သူငယ်ချင်းတွေနဲ့ အတူတူရိုက်ထားခဲ့တဲ့ အမှတ်တရ ဓာတ်ပုံလေးကို ဒီကနေ့မှာပရိတ်သတ်တွေရှေ့ကို ထုတ်ပြခဲ့ပါတယ်နော်။ ဓာတ်ပုံထဲမှာပါတဲ့ သူရဲ့ထာဝရသူငယ်ချင်း အချစ်ဆုံးသူငယ်ချင်းတွေကတော့ ပြည်တော်ချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ နန္ဒစိုင်း၊ကောင်းမြတ် နဲ့ ငယ်ငယ်တို့ပဲဖြစ်ပါတယ်။ကဲ... ပရိတ်သတ်ကြီးကိုလည်း စိုင်းစိုင်းရဲ့ ငယ်ငယ်ကအမှတ်တရပုံရိပ်လေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...

Source : Sai Sai Kham Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။