အာဆင်နယ်အသင်းကွင်းလယ်ကစားသမားရမ်ဆေးသည် ဂျူပင်တပ်အသင်းသို့ပြောင်းရွှေ့ကစားရန် အကြိုသဘောတူညီမှုရယူခဲ့ပြီးနောက် ယနေ့တွင်ဆေးစစ်မှုခံယူခဲ့ကြောင်း သိရသည်။ ရမ်ဆေးသည်လာမဲ့နွေရာသီအပြောင်းအရွှေ့ကာလမှသာ အာဆင်နယ်အသင်းမှထွက်ခွာမည်ဟု အတည်ပြုထားသော်လည်း ဂျူပင်တပ်အသင်းသို့ပြောင်းရွှေ့ကစားရန် ဆေးစစ်မှုကြိုတင်ခံယူခဲ့ခြင်း ဖြစ်သည်။ သူသည်နွေရာသီ အပြောင်းအရွေ့ကာလတွင် အာဆင်နယ်အသင်းမှအလွတ်ပြောင်းရွေ့ကြေးဖြင့် ထွက်ခွာမည်ဖြစ်ပြီး ဂျူပင်တပ်အသင်းနှင့်ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုမည် ဖြစ်သည်။ 

မ်ဆေးအနေဖြင့် ဥရောပအသင်းကြီးများ၏ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့သော်လည်း ဂျူပင်တပ်အသင်း၏ကမ်းလှမ်းမှုကိုလက်ခံခဲ့ခြင်းဖြစ်ပြီး ဂျူပင်တပ်အသင်းတွင် တစ်နှစ်လျှင်လုပ်ခလစာ ယူရိုခုနှစ်သန်းအထိရရှိမည် ဖြစ်သည်။ ဂျူပင်တပ်ဆေးအဖွဲ့မှ တာဝန်ရှိသူများသည် ရမ်ဆေးကိုဆေးစစ်မှုပြုလုပ်ရန် လန်ဒန်သို့ရောက်ရှိခဲ့ပြီး လိုအပ်သည့်ဆေးစစ်မှုများ ပြုလုပ်ခဲ့ကြသည်။ ဂျူပင်တပ်အသင်းသည် အသင်း၏အောင်မြင်မှုနှင့်ကောင်းမွန်သော နောက်ခံသမိုင်းကြောင်းကိုအသုံးချကာ ကစားသမားကောင်းများအား အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူလေ့ရှိသည့် အသင်းဖြစ်ရာ ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ကာလကလည်း လီဗာပူးအသင်း၏ကွင်းလယ်ကစားသမားအမ်မရီချန်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့သည်။ 

အာဆင်နယ်အသင်းမှ ရမ်ဆေးထွက်ခွာခြင်းသည် အသင်းတွက်ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်လာနိုင်ပြီး ၎င်းကဲ့သို့ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုခဲ့သည့် အာဆင်နယ်အသင်းနည်းပြအဖွဲ့နှင့် အသင်းဘုတ်အဖွဲ့ကိုလည်း အသင်းကစားသမားဟောင်းများက မီဒီယာများမှ တစ်ဆင့်ဝေဖန် ခဲ့ကြောင်းသိရသည်။

Source - Goal.com 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။