လက်ရှိ မြန်မာ့လက်ဝှေ့လောကရဲ့ ချန်ပီယံတစ်ဦးအဖြစ်ရပ်တည်နေတဲ့ ကနေဒါနိုင်ငံသား ဒေဝကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ ထိုးချက်တိုက်ချက်တွေနဲ့အတူ နိုင်ငံအသီးသီက လက်ဝှေ့ဖိုက်တာတွေကို အလဲထိုးအနိုင်ယူခဲ့ပြီး ယခင်မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ထွန်းထွန်းမင်းကိုလည်း အလဲထိုးနိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်တာတွေ့ရပါတယ်။ မကြာသေးမီ ထွန်းထွန်းမင်းနဲ့ ပြန်လည်စိန်ခေါ်ပွဲမှာလည်း လက်ရည်အသာစီးရကာ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။  

ဒေဝကတော့ မြန်မာ့လက်ဝှေ့ပညာကို ကမ္ဘာကသိအောင်ပြသလျှက်ရှိသူတစ်ယောက်ဖြစ်ပြီး ပြည်တွင်း ပြည်ပ လေ့လာသူတိုင်းကိုလည်း နည်းစနစ်မှန်မှန်သင်ကြားပေးလျှက်ရှိတာတွေ့ရပါတယ်။ လက်ရှိဒေဝကတော့ ကိုယ်ပိုင်မြန်မာ့လက်ဝှေ့သင်တန်းကျောင်းကို ပြည်တွင်းမှာသာမကပဲ ဒေဝရဲ့ အမိမြေဖြစ်တဲ့ ကနေဒါနိုင်ငံမှာလည်း ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း သိရပါတယ်။  

အဆိုပါ ကနေဒါနိုင်ငံရှိ မြန်မာ့လက်ဝှေ့ သင်တန်းကျောင်းမှာတော့ မြန်မာ့လက်ဝှေ့ပညာကို လူအတော်များများက စိတ်ဝင်တစားသင်ကြားလျှက်ရှိတာတွေ့ရပါတယ်။ မကြာသေးမီက ဒေဝကတော့ သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ကနေဒါနိုင်ငံရှိ ကိုယ်တိုင်မြန်မာ့လက်ဝှေ့သင်တန်းကျောင်းမှရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ပြသထားတာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးမှာတော့ နည်းပြတစ်ယောက်အဖြစ်သင်ကြားမှုတွေပြုလုပ်နေပြီး မြန်မာ့ရိုးရားလက်ဝှေပနည်းပညာတွေကို စနစ်တကျသင်ကြားလျှက်ရှိတာပဲဖြစ်ပါတယ်။

vIDEO - DAVE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။