Jordan Maron

Jordan ဟာ အသက် ၁၈နှစ်မှာကတည်းက Youtube မှာ အောင်မြင်နေခဲ့တာဖြစ်ပြီး Minecraft Gameကို ဆော့ပြခဲ့တဲ့ Video လူကြိုက်များသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ကောလိပ်ကျောင်းကပါ ထွက်ခဲ့ပြီး Youtuber Gamer အဖြစ်လုပ်ကိုင်နေခဲ့ပြီး သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ မီလျံနာတစ်ဦး အဖြစ်ရပ်တည်လို့နေပါတယ်။ 

Courtney Stodden

ချစ်စရာ မျက်နှာပေးလေးနဲ့ Courtney ကတော့ အသက် ၁၆နှစ်ကတည်းက မော်လ်ဒယ် လောက တည်းကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ အသက်၅၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ဦးနဲ့ လက်ထပ်ခဲ့ပြီး သူမရဲ့ချမ်းသာကြွယ်ဝမှုဟာ မီလျံနာချီရှိတယ်လို့ သိရပါတယ်။ 

Mike McDonald

Mikeကတော့ အခြားသူတွေလို အနုပညာနဲ့ နာမည်ကြီးပြီး ချမ်းသာကြွယ်ဝလာခဲ့တာမဟုတ်ပါဘူး။ သူဟာ လူ၁၀ယောက်မှာ ၇ယောက်တောင် အောင်မြင်အောင် မလုပ်နိုင်တဲ့ ပိုကာဖဲကစားခြင်းနဲ့ နာမည်ကြီးပြီး ချမ်းသာကြွယ်ဝလာခဲ့တာပဲ ဖြစ်ပါတယ်။ ပိုကာကစားတာကနေ ရလာတဲ့ပိုက်ဆံတွေနဲ့ သူ့မိဘတွေကိုပါ ထောက်ပံ့ပေးနိုင်ခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာတဲ့ လူတစ်ဦး ဖြစ်နေပါပြီ။ 

Danielle Bregoli

Danielleကတော့ အသက် ၁၅နှစ်အရွယ်ကတည်းက TV Show တွေမှာ ပါဝင်ခဲ့ပြီး တဖြည်းဖြည်းနဲ့ နာမည်ကြီးလာခဲ့တာပဲ ဖြစ်ပါတယ်။ သူမကို Snooty လို့လည်းလူသိများကြပြီး အခုအခါမှာတော့ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မီလျံနာတစ်ယောက်ဖြစ်နေပါပြီ။

Source : Did U Know 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။