ပရိတ်သတ်ကြီးရေ... အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို သေသေချာချာနဲ့ ကြိုးကြိုးစားစားလုပ်လာတဲ့ ဘနားနားခေါ် ခြိမ့်ကေကို ကိုပရိတ်သတ်ကြီးသိကြမှာပါနော်။ ရိုးရိုးသားသားနဲ့ သူဝါသနာပါတဲ့အဆိုပိုင်းကို ဝေဖန်မှုတွေဘယ်လောက်ပဲခံရခံရ သူအစွမ်းအစရှိသလောက်ကြိုးစားခဲ့တဲ့ အတွက် အနုပညာရှင်အချို့ရဲ့ လက်ခံအားပေးမှုကိုရရှိခဲ့ပါတယ်။

အခုဆိုရင်သူဟာ ဗီဒီယိုဇာတ်ကားတွေ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးလာရပြီးတော့ သူ့ကိုအားပေးတဲ့ ပရိတ်သတ်တွေလည်း အများအပြား အခိုင်အမာရှိနေပါပြီနော်။ အချို့ပရိတ်သတ်တွေကတော့ သူ့ကိုအသံပိုင်းဆိုင်ရာမှာပိုပြီးတော့ ကြိုးစားစေချင်ကြောင်းလည်း အကြံဉာဏ်လေးတွေပေးခဲ့တဲ့အတွက် သူဟာ နောက်သီချင်းတွေကိုအကောင်းဆုံးကြိုးစားသီဆိုသွားတော့မယ်လို့သိရပါတယ်။

လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ လူကြမ်းသရုပ်ဆောင်နိုင်လူတို့နဲ့တွဲဖက်ပြီးတော့ ငါ့ကိုပြန်သောက်တဲ့ အရက်ဆိုတဲ့ ဖြစ်ရပ်မှန်ဗီဒီယိုဇာတ်ကားတစ်ကားကိုပုံဖော်နေကြောင်းသိရပါတယ်။ Facebookပေါ်မှာတော့ ရိုက်ကွင်းကပုံရိပ်တစ်ချို့နဲ့အတူ ဂလဲ့စားချေတုံပြန်မည်...??? မုန်းနေသောသူများကိုပြန်လည့်တုံ့ပြန်ရန်ဦးနိူင်လူနှင့်ပူးပေါင်းနေသည့် လို့လည်းကောင်း နိုင်လူကိုလည်း ယောက်ခမကြီးဦးနိူင်လူ လို့လည်းကောင်းရေးသားထားတဲ့captionလေးတွေကို တွေ့ရပါတယ်ပရိတ်သတ်ကြီးရေ။ကဲ... ဘနားနားရဲ့ကြိုးစားမှုပုံရိပ်လေးတွေထဲကအချို့ကို ပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source : Chaink K KO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။