ပရိသတ်ကြီးရေ အမျိုးသမီး K-Pop ဂီတအဖွဲ့ ဖြစ်တဲ့ ''Black Pink" အဖွဲ့ဝင် ရက်ပ်ဂီတအဆိုတော်ဖြစ်တဲ့ Jennie Kim ကိုသိကြမယ်ထင်ပါတယ်။ သူမရဲ့ပညာရေးအတွက် တောင်ကိုရီးယာနိုင်ငံ ဆိုးလ်မြို့ကနေ နယူးဇီလန်နိုင်ငံသို့ရွှေ့ပြောင်းခဲ့တာဖြစ်ပါတယ်။ ထရိန်နင်အဆိုတော်တစ်ဦး အဖြစ် '' YG Entertainment '' အား လက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုခဲ့တာပဲဖြစ်ပါတယ်။  

သူမသည် ''That XX"လို့ဆိုတဲ့ G-Dragon သီဆိုခဲ့တဲ့သီချင်းမှာ featured အနေနဲ့ပါဝင်ခဲ့တာဖြစ်ပြီး၊ သူမတစ်ဦးတည်းသီဆိုခဲ့တဲ့ "Black" ဆိုတဲ့သီချင်းဗီဒီယိုထွက်ပြီးနောက် အောင်မြင်ကျော်ကြားခဲ့တာဖြစ်ပါတယ်။ '' YG Entertainment ကနေပြုလုပ်ဖန်းတီးပေးထားတဲ့ '' Black Pink ''ဆိုတဲ့ အဖွဲ့ဖွဲ့ကာ ပွဲဦးထွက်သီချင်းတွေကို သီဆိုဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။ သြဂုတ်လ ၈ ရက်နေ့မှာ Jennie ဟာ Lisa၊ Jisoo နှင့် Rose တို့နဲ့အတူ တီးဝိုင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် သူမကိုယ်တိုင် ဦးဆောင်ထားတဲ့ (DDU-DU DDU-DU) သီချင်းကို ပူးပေါင်းဖန်တီးခဲ့တာဖြစ်ပါတယ်။ 

သူမဟာဆိုရင် ပရိသတ်များရဲ့ အားပေးမှုကို လက်ခံရရှိထားတဲ့ K-Pop ရက်ပ်အဆိုတော်တစ်ဦးဖြစ်ပြီးဖြစ်ပါတယ်။ သူမပါဝင်ဦးဆောင်ထား စပိန်, အင်္ဂလိပ်, ကိုရီးယားစကားပြောဆိုနိုင်တာလည်းဖြစ်ပါတယ်။ (DDU-DU DDU-DU) သီချင်းဟာဆိုရင် ကမ္ဘာတစ်ဝှမ်း အရမ်းကိုလူကြိုက်များခဲ့တာပဲဖြစ်ပါတယ်နော်။ ပရိသတ်ကြီးရေ ဒီနေ့မှာဆိုရင် ရက်ပ်ဂီတအဆိုတော်ချောလေး Jennie ရဲ့ ၂၃နှစ်မြောက်မွေးနေ့လေးပဲဖြစ်ပါတယ်။ မွေးနေ့ဆုတောင်းလေးပေးနိုင်ဖို့ ပုံရိပ်တွေနဲ့တကွ အကြောင်းအရာပြည့်စုံကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။  

source BLACKPINKOFFICIAL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။