ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မို့မို့မြင့်အောင်ကတော့ တစ်ခေတ်တစ်ခါရဲ့ ဇာတ်ကားတွေအများကြီးမှာ နေရာယူခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အနုပညာအလုပ်ကို အရမ်းရူးသွပ်ပြီးဝါသနာပါတဲ့ မို့မို့မြင့်အောင်က ဇာတ်ရုပ်များစွာကို ပိုင်နိုင်တိကျတဲ့ အိုင်တင်တွေနဲ့ ပီပြင်စွာသရုပ်ဆောင်တဲ့သူတစ်ယောက်ဖြစ်လို့ မို့မို့မြင့်အောင်က ပရိတ်သတ်တွေကြားမှာရေပန်းစားခဲ့ပါတယ်။ကိုယ့်ကိုယ်ကိုယ် မို့ လို့ ချစ်စရာကောင်းအောင်ပြောတတ်ပြီး အရမ်းကိုလှတဲ့ မင်းသမီးလေးတစ်လက်လည်းဖြစ်ပါတယ်။ 

မို့မို့မြင့်အောင်က ယခုချိန်ထိလည်း နုပျိုလှပနေဆဲဖြစ်ပြီး အောင်မြင်မှုတွေမကျသွားသေးဘဲ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။သူ့ခေတ်သူ့အခါတုန်းကလည်း လူကြိုက်များခဲ့သလို ယခုခေတ်မှာလည်း လူငယ်လေးတွေနဲ့ အပြိုင် ရှေ့ဆက်လှမ်းနေဆဲဖြစ်ပါတယ်နော်။မို့မို့မြင့်အောင်က အရင်ကတည်းက အရမ်းတော်တဲ့ သရုပ်ဆောင်ချက်တွေက ယခုချိန်မှာဆိုရင် ဝါရင့်သရုပ်ဆောင်အနေနဲ့ တက်သစ်စ ကြယ်ပွင့်လေးတွေကို သင်ပြပေးပါတယ်နော်။

မို့မို့မြင့်အောင်ရဲ့ ဇာတ်ကားတွေက ဇာတ်လမ်းဇာတ်အိမ် ခိုင်မာပြီး သူမရဲ့ သရုပ်ဆောင်ချက်တွေက ပံ့ပိုးလိုက်တဲ့အခါ အရမ်းကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတယ်။သူမက အရမ်းတော်လို့လည်း အကယ်ဒမီဆုတွေကို တစ်ဆုပြီးတစ်ဆု ရယူနိုင်ပါတယ်နော်။မို့မို့မြင့်အောင်က အကယ်ဒမီပွဲတွေရဲ့အစဉ် အဆက်ဆက် အတွေ့ အကြုံလေးတွေ ကို ကိုမျိုး(မြန်မာစာ)နဲ့ မနက်ဖြန်မှာ သူမရဲ့ချစ်ရတဲ့ ပရိတ်သတ်ကြီးကို မျှဝေပြောပြပေးသွားမှာဖြစ်ပါတယ်။

Source:Academy Moht Moht Myint Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။