ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့ စိတ်ကိုဖမ်းစားထားနိုင်သူလေးကတော့ မော်ဒယ်သရုပ်ဆောင် လင်းအောင်ခေတ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဖော်ရွေပွင့်လင်းစွာ နေတတ်တဲ့ပုံစံလေးတွေကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တွေကိုရရှိနေတာပဲ ဖြစ်ပါတယ်။  

လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်လုပ်ဆောင်နေတာကိုတွေ့ရပြီး ချစ်ရတဲ့ပရိတ်သတ်တွေအတွက် ဆက်ပြီးကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။ ပရိတ်သတ်တွေအတွက် တစ်ခါတစိလေ Tik Tok လေးတွေလည်းဆော့ပြီး တင်ပေးလေ့ရှိပါသေးတယ်။ သူ့ရဲ့ Tik Tok လေးတွေဟာဆိုရင်လည်း ပရိတ်သတ်တွေကို ပျော်ရွှင်မှုတွေပေးစွမ်းနိုင်တာပဲ ဖြစ်ပါတယ်။

မော်ဒယ်လောကမှတစ်ဆင့် သရုပ်ဆောင်လောကထဲသို့ဝင်ရောက်လာခဲ့ပြီး ဇာတ်လမ်းတွဲများပင် ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ သူ့ရဲ့လှုပ်ရှားမှုပုံရိပ်တွေကို လူမှု့ကွန်ယက်ပေါ်တွင် ဝေမျှလေ့ရှိတဲ့ လင်းအောင်ခေတ်ဟာ ယခုဆိုရင် သူ့ရဲ့ရိုက်ကွင်းပုံရိပ်များကို ဖော်ပြလိုက်ပြန်ပါပီ။ အလုပ်လုပ်နေရရင်ပျော်ရွှင်နေတယ်ဆိုတဲ့ လင်းအောင်ခေတ်ရဲ့ အလန်းစားပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Photo - Lin Aung Khit  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။