မြန်မာနိုင်ငံ၊ မန္တလေးမြို့မှာ မွေးဖွားပြီး ချစ်ဖို့ကောင်းတဲ့ မြန်မာနိုင်ငံသူ အိန္ဒိယနွယ်ဖွား မော်ဒယ်လ်မင်းသမီးလေး Ashwarya Kumar ခေါ် အိအိန္ဒြေကျော်လေးကို အွန်လိုင်းမီဒီယာထက်ကတဆင့် မြန်မာပရိသတ်များက လူသိများလာခဲ့မှာပါတယ်။ လက်ရှိသူမဟာ အမေရိကမှာ အနေများပြီး မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်လျှက်ရှိကာ မကြာခဏဆိုသလို မွေးရပ်မြေဖြစ်တဲ့ မြန်မာနိုင်ငံကိုလည် ပြန်လာတတ်သူလေးဖြစ်ပါတယ်။

သူမရဲ့ ဆွေမျိုးတွေရှိတဲ့ မန္တလေးကို မကြာခဏပြန်လာတတ်ပြီး ပရိသတ်များတောင်းဆို အားပေးမှုကြောင့် မြန်မာနိုင်ငံမှာပါ အနုပညာအလုပ်တွေကို လုပ်ဆောင်နေတဲ့ အိအိန္ဒြေကျော် ဟာ မကြာသေးခင်ကလည်း Maybelline Asiaကစီစဉ်ပေးမှုအရ MNY Fashion Week နယူးယောက်ခ်မြို့ကြီးထိ သွားရောက်ပါဝင်ခဲ့ပါသေးတယ်။သူမကို အလှမယ်တစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ုပြိုင်ပေးဖို့ လက်ရှိမှာ ပရိသတ်တွေက အပြင်းအထန်တောင်းဆိုနေကြပြီး သူမအနေနဲ့ အလှမယ်တစ်ယောက်အနေနဲ့ မြင်တွေ့ရမလားဆိုတာတော့ ပရိသတ်များစောင့်ကြည့်ပေးကြပါနော်။

ငယ်စဉ်ကတည်းက အမေရိကမှာ အနေများတာမို့ မြန်မာစကားကို အရမ်းအကျွမ်းတဝင် မပြောတတ်ပေမဲ့လည်း အင်္ဂလိပ်စာအပြောအဆိုအတော်လေး ကောင်းမွန်တဲ့ သူမဟာ သူမရဲ့ မန္တလေးမြို့လေးကို ပြန်လည်ရောက်ရှိနေပြီး အနုပညာလှုပ်ရှားမှုတစ်ခုအနေနဲ့ အလှဓာတ်ပုံရိုက်ကူးမှုလေးတချို့ ပြုလုပ်ခဲ့ပါတယ်။ ကျက်သရေရှိလွန်းလျတဲ့ ရှေးခေတ်မြန်မာအမျိုးသမီးတွေရဲ့ အလှတရားကို ပြန်လည်တွေ့မြင်ရသလို ခံစားရအောင် ပေါ်လွင်စေခဲ့တဲ့ အိန္ဒိယနွယ်ဖွားမြန်မာမင်းသမီးလေး Ashwarya Kumar ခေါ် အိအိန္ဒြေကျော်လေးရဲ့ အလှပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြလိုက်ရပါတယ်။

Source : Ashwarya Kumar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။