ပရိသတ်ကြီးရေ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး ချောမောလှပတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ model သရုပ်ဆောင် ရွှေအိမ်စည်ကိုသိကြမယ်ထင်ပါတယ်နော်။ International Miss တစ်ယောက်အဖြစ်လည်း နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ အမျိုးသမီးကောင်းလေးပဲဖြစ်ပါတယ်။ သူမရယ်လိုက်ပြီဆို ပါးချိုင့်လေးက အထင်းသားပေါ်သွားပြီး ပရိသတ်တွေရဲ့ အသည်းနှလုံးကို ညှို့ယူဆွဲဆောင်လိုက်တာပဲဖြစ်ပါတယ်နော်။ 

စိတ်သဘေားထားပွင့်လင်းပြီးလူတိုင်းအပေါ်မခွဲခြားမဆက်ဆံတက်တဲ့ သူမရဲ့ စိတ်အလှတွေက မျက်နှာပြင်ပေါ်မှာထင်ဟပ်နေတာပဲဖြစ်ပါတယ်။ အသက် ၂၀ သာရှိသေးတဲ့သူမဟာဆိုရင် အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တာနေတာပဲဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အလှအပ ဟာဆိုရင်လည်း တွေ့မြင်သူတိုင်း ရင်သတ်ရှုမောဖွယ် ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ သူမဟာ ဆိုရင် ဂျင်ပါတီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ကျရာဇာတ်ရုပ်ကို သဘာဝကျပီပြင်အောင်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

သူမရဲ့အနုပညာလှုပ်ရှားမှုနဲ့နေ့စဉ်လှုပ်ရှားမှုတွေကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebookစာမျက်နှာပေါ်တွင် အမြဲဖော်ပြလေ့ရှိတာကို ပရိသတ်ကြီးအနေနဲ့ ဝမ်းသာကြည်နူးဖွယ်တွေ့မြင်ခဲ့ကြရမှာဖြစ်ပါတယ်။ နိုင်ငံတကာ စံချိန်မှီတဲ့ အရပ်ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူမရဲ့ four skills အပြောအဆို ကလည်းကျွမ်းကျင်ပိုင်နိုင်လှကြောင်းကို သူမပြိုင်ပွဲဝင်တဲ့ Miss ပြိုင်ပွဲတွေမှာ ဂုဏ်ယူအားကျဖွယ်မြင်တွေ့ခဲ့ရမှာဖြစ်ပါတယ်။ ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးဝန်းရံနေတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း "ကျမကိုနားလည်ဖို့ မကြိုးစားပါနဲ့ ရူးသာသွားမယ် နားလည်မှာမဟုတ်ဘူး" လို့ ဆိုတဲ့ status လေးနဲ့အတူ သူမရဲ့အလှပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။  

source Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။