တေးသံရှင်မလေး အိုင်ရင်းဇင်မာမြင့်ကတော့ " Melody World " သီချင်းဆိုပြိုင်ပွဲကနေ တဖြည်းဖြည်းနဲ့ လူသိများအောင်မြင်လာခဲ့သူလေး ဖြစ်ပါတယ်။ ဆွဲငင်အားပြင်းတဲ့ အသံပါဝါကို ပိုင်ဆိုင်ထားတဲ့ အိုင်ရင်းက တစ်ကိုယ်တော်အခွေတွေ ထွက်ရှိထားသလို သူမရဲ့တေးသီချင်းလေးတွေကလည်း ပရိသတ်တွေရဲ့အားပေးမှုများစွာ ရရှိထားတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း အိုင်ရင်းက City FM က ချီးမြှင့်တဲ့ " Popular Award " ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကတော့ အိုင်ရင်းက သူမရဲ့ချစ်မေမေနဲ့အတူ ဆုံးပါးသွားတဲ့ ဖခင်ရှိရာ အုတ်ဂူလေးကို သွားရောက်ဂါဝရပြုခဲ့ပါတယ်။ အိုင်ရင်းက မိခင်နဲ့အတူ ဖခင်ရဲ့အုတ်ဂူလေးဘေးမှာ ငိုကြွေးတမ်းတရင်း ဖခင်ကို သတိရလွမ်းဆွတ်နေခဲ့ပါတယ်။ ဒါ့အပြင်အိုင်းရင်းက " ဒီနေ့လေးက ဘဝမှာမေ့လို့မရတဲ့နေ့လေးတနေ့ပါပဲ ကျမရဲ့ဖေဖေ လူ့လောကကြီးကိုနူတ်ဆက်ပြီး ခရစ်တော်မှာအိပ်ပျော်သွားတဲ့နေ့လေးတနေ့ပါပဲ " ဆိုပြီး ဖခင်နဲ့ပတ်သက်တဲ့ ရင်ဖွင့်စကားတစ်ချို့ကိုလည်း ပရိသတ်တွေကို ပြန်လည်ပြောပြခဲ့တာ တွေ့ရပါတယ်။

အိုင်ရင်းက " နှစ်တွေလတွေဘယ်လောက်ပြောင်းပြောင်း မည်မျှပင်ကြာစေကာမူ ကျမရဲ့စိတ်ထဲမှာ အဖေနူတ်ဆက်သွားတဲ့ ၁၈နှစ်ဆိုတာ ကျမတို့အတွက်မနေ့တနေ့ကလိုပါပဲ အဖေနူတ်ဆက်သွားခဲ့ချိန်သိပ်ထူးခြားတယ် တိုက်တိုက်ဆိုင်ဆိုင်ပဲလို့ပြောရမယ် အဖေဆုံးတဲ့အချိန်က အိုင်ရင်းအစ်အကြီးဆုံး ဖေဖေမေမေတို့ရဲ့သက်ဦးသားအကြီးဆုံးရဲ့ မွေးနေ့လေးပါပဲ သူ့ရဲ့တံပိုးအကိုကြီးဆီလွဲပြောင်းပေးခဲ့တဲ့နေ့လေးပါပဲ ကိုကြီးIvan Happy Birthday ပါ ဘာပဲဖြစ်ဖြစ်ပါ ဘုရားကိုကျေးဇူးတင်တယ် သိပ်သစ္စာတရားကြီးမားတဲ့ မိခင်ဝမ်းမှာရှင်သန်ရတဲ့အခွင့်ကိုပေးလို့ အဖေ့အပေါ်အလွန်သံယောဇဉ်ကြီးတဲ့အမေ ဒီနေ့ဒီအချိန်အထိသားသမီးလေးယောက်အတွက်မားမားမတ်မတ်ရပ်တည်အသက်ရှင်ပေးတဲ့အမေ ဒီနေ့ဒီအချိန်ထိ အဖေ့အပေါ်မေတ္တာပိုနေသေးတဲ့အမေ ဒီနေ့ဒီအချိန်အထိ အဖော်မဲ့စွာ ၁၈နှစ်ကာလပတ်လုံး အဖေ့ကိုသစ္စာမေတ္တာတရားတွေပြနေတဲ့အမေ့အတွက်ဘုရားသခင်ပေးတဲ့ကောင်ချီးများစွာရပါစေ ၁၅/၁/၂၀၁၉ " ဆိုပြီး အိုင်ရင်းတို့သားအမိနှစ်ယောက်ရဲ့ လွမ်းဆွတ်နေတဲ့ ကြေကွဲဖွယ် ပုံရိပ်လေးတွေကိုလည်း တင်ထားတာပဲ ဖြစ်ပါတယ်။

Source:Irene Zin Mar Myint;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။