မင်းသားချောလေး စည်သူဝင်းကတော့ mrtv -4 ရုပ်သံဇာတ်လမ်းတွဲလေးတွေက တစ်ဆင့် ပရိသတ်တွေနဲ့ ရင်းနှီးမှုတွေ စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ချောမောခန့်ညားတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ စည်သူဝင်းကိုတော့ ပျိုပျိုမေလေးတွေကို ပိုပြီးအားပေးချစ်ခင်ကြတာ တွေ့ရပါတယ်။ " လူရည်ချွန်" ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲလေးမှာ ဆရာဝန်လေးအဖြစ် သရုပ်ဆောင်ခဲ့တာကိုတော့ ပရိသတ်တွေ မှတ်မိဦးမယ် ထင်ပါတယ်။   

ရဲသွေးအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိနေရာယူထားတဲ့ သရုပ်ောဆင်မင်းသားချောလေး စည်သူဝင်းကိုတော့ “မိုးကောင်းကင်အိပ်မက်” ဇာတ်ကားအပြီး ပရိသတ်တွေ သတိရနေသူလေးပဲဖြစ်ပါတယ်။ စည်သူဝင်းကတော့ ယခုမှာကြော်ငြာတွေ ရိုက်ကူးနေသလို ဇာတ်လမ်းတွဲတွေကိုလဲ ရိုက်ကူးနေတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ယနေ့မှာတော့ စည်သူဝင်းတစ်ယောက် မင်္ဂလာစုံတွဲဓာတ်ပုံလေးနဲ့ ပရိသတ်တွေကို ရင်ခုန်အောင်လုပ်လိုက်ပါတယ်။ စည်သူဝင်းကတော့ " ကြိုမပြောမိတာ ခွင့်လွတ်ပါ " ဆိုပြီးရေးသားထားရာ ပိုးကြာဖြူခင်က " ဟာ မင်ဂါဆောင်ဘယ်နေ့လဲ ဖိတ်အုန်း " ဆိုပြီးရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် စည်သူဝင်းရဲ့ မင်္ဂလာစုံတွဲပုံလေးကိုဖော်ပြပေးလိုက်ပါတယ်။

source:  Si Thu Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။