ပရိတ်သတ်ရဲ့ အသည်းစွဲတစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ အနုပညာလောကရဲ့ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။အများက အူဝဲလို့ ချစ်စနိုးခေါ်ကြလို့ အခုချိန်ထိ အူဝဲဆိုပြီး နာမည်တွင်နေတာဖြစ်ပါတယ်။အူဝဲက အနုပညာအလုပ်တွေကို ငယ်ရွယ်နုပျိုစဉ်ကတည်းက လုပ်ဆောင်ခဲ့ပြီး ဒွေးတို့လွင်မိုးတို့နဲ့ တစ်ခေတ်တည်း ပေါ်ထွက်လာတာဖြစ်ပါတယ်။သူမရဲ့ဇာတ်ကားတွေအားလုံးဟာဆိုရင် ပရိတ်သတ်ရဲ့ရင်ကို တိုက်ရိုက်ထိမှန်လို့ အရမ်းကိုရေပန်းစားခဲ့ပါတယ်နော်။

အူဝဲက ယခုချိန်ထိလည်း အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေပြီး တက်သစ်စအနုပညာရှင်လေးတွေစံပြထားရတဲ့ အရမ်းတော်ပြီးအရမ်းလှတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူမက ယခုချိန်ထိလည်း သရုပ်ဆောင်စွမ်းရည်မကျသွားသေးဘဲ ပိုပိုတိုးလာတဲ့ အရမ်းထိမိတဲ့ အိုင်တင်တွေကြောင့် ဝါရင့်သရုပ်ဆောင်တစ်ယောက်လို့ဆိုလို့ရပါတယ်။အူဝဲက အကယ်ဒမီဆုတွေကို ဆွတ်ခူးရရှိထားတဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

အူဝဲက ပြေတီဦးနဲ့အတူတူ ဇာတ်ကားတွေရိုက်ကူးရင်း မေတ္တာမျှကာ နှစ်ယောက်တစ်ဘဝကို လက်ထပ်လိုက်ကြပါတယ်။သာယာပျော်ရွှင်ရတဲ့ မိသားစုလေးအဖြစ် ပရိတ်သတ်တွေကအားကျနေရတာဖြစ်ပါတယ်။သမီးလေးနဲ့သားလေးကိုလည်း ပိုင်ဆိုင်ထားလို့ မိသားစုရဲ့အဓိပ္ပါယ်ကို ပိုပေါ်လွှင်သွားတာဖြစ်ပါတယ်။အူဝဲက ယခုချိန်ထိ လူငယ်တွေအားကျရတဲ့ ပျိုမျစ်နုနယ်ခြင်းတွေကို ပိုင်ဆိုင်ထားပြီး လှသထက်လှလာလို့ ဘာဆေးတွေများစားလဲလို့ မေးယူရလောက်အောင်လှပါတယ်နော်။အခုလည်း အူဝဲရဲ့ မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ်လေးနဲ့ အလှူရေစက်ချပွဲလေးကို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

Source:Eaindra Kyaw Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။