ကမ္ဘာပေါ်မှာရှိတဲ့ ယဉ်ကျေးမှုအများစုမှာ တချို့ နံပါတ်တွေဟာ ကံကောင်းခြင်းတွေကိုယူဆောင်လာပေးတယ်လို့ယုံကြည်ကြပါတယ်။အနောက်နိုင်ငံတွေမှာတော့ ၁၃ဂဏန်းဟာ ကံဆိုးစေတယ်လို့ လူတွေကယူဆကြပါတယ်။ဥပမာ- အမေရိကန်နိုင်ငံမှာရှိတဲ့ မြို့တော်တော်များများ မှာ (၁၃)လမ်းဆိုတာ မရှိသလို အဆောက်အအုံ (၁၃)လွှာဆိုတဲ့ နံပါတ်ကိုမထားကြပါဘူး။

အခြားနိုင်ငံတွေမှာလည်း နံပါတ်နဲ့ပတ်သက်ပီး ကွဲပြားတဲ့အယူအဆတွေရှိပါတယ်။ ဂျပန်၊ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေမှာဆိုရင် လူတွေဟာ (၄) ဂဏန်းကို ကံမကောင်းစေဘူးလို့မှတ်ယူထားပါတယ်။ ဘာကြောင့်လဲဆိုရင် အဆိုပါနိုင်ငံတွေရဲ့ နံပါတ်(၄)ဆိုတဲ့ အသံထွက်ဟာ “သေခြင်း”ဆိုတဲ့ စကားလုံးနဲ့ အသံထွက်ခြင်းတော်တော်တူနေလို့ပါပဲ။ ဒါ့အပြင် ထိုနိုင်ငံတွေရဲ့ ဟိုတယ်တော်တော်များများမှာ လေးလွှာဆိုတာမရှိကြပါဘူး။

တချို့ဂဏန်းတွေဟာ ကံဆိုးစေတယ်ဆိုပေမဲ့လည်း အကုန်လုံးတော့မဟုတ်ပါဘူး။ တချို့သော ဂဏန်းတွေဟာလည်း ကံကောင်းစေတတ်ပါတယ်။ အနောက်ပိုင်း ယဉ်ကျေးမှုအများစုမှာတော့ နံပါတ်(၇)ကို ကံကာင်းခြင်းဂဏန်းအဖြစ်မှတ်ယူထားပါတယ်။ တရုတ်လူမျိုးတွေရဲ့ ကံကောင်းခြင်းဂဏန်းကတော့ နံပါတ်(၈)ဖြစ်ပါတယ်။ ဒါ့အပြင် လူအများစုဟာ ကံကောင်းခြင်းနံပါတ်အဖြစ် သူတို့ရဲ့ မွေးနေ့၊နှစ်ပတ်လည်နေ့တွေကိုမှတ်ယူကြပါတယ်။ လောင်းကစားလုပ်ရင်တောင်မှ လူတွေဟာ အဆိုပါနံပါတ်တွေကို အသုံးပြုပီး ထည့်လာင်းရင် အနိုင်ရမယ်လို့ယုံကြည်ကြပါသေးတယ်။

Source: Google ( Numbers &Beliefs)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။