ခေတ်သစ် ညီအစ်မလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အချစ်တော် ခေတ်နဲ့ သစ်တို့ကတော့ ဖေဖေ မေမေနဲ့ ဖိုးဖိုးဖွားဖွားတွေအပြင် ပြည်သူပရိသတ်တွေရဲ့ အသည်းလေးတွေကို နေ့စဉ်ခြွေယူထားနိုင်ကြတဲ့ အားလုံးရဲ့အချစ်တော်လေးတွေပါပဲ..။

ပရိသတ်တွေရဲ့ အသည်းကျော် ချစ်စရာကောင်းပြီး အမြဲ ပြုံးရယ်နေတတ်တဲ့ ခေတ်တုတ်လေးနဲ့ သစ်တုတ်လေးတို့ကတော့ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် တဖြည်းဖြည်းအရွယ်ရောက်လာပြီး လည်လွန်းတတ်လွန်းလို့ ပိုပိုပြီး အချစ်ပိုနေကြရသူလေးတွေလည်း ဖြစ်ပါတယ်နော်..။

ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း မေမေချစ်သုဝေက ပရိသတ်တွေကို အမြဲပြန်လည်မျှဝေပေးလေ့ရှိသလို ဒီကနေ့လေးမှာလည်း ပုံပြင်စာအုပ်လေးတွေကို စိတ်ဝင်တစားနဲ့ ဖတ်နေကြတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ ပုံလေးတွေကိုလည်း မျှဝေထားပါသေးတယ်..။

ချစ်စရာကောင်းလွန်းတဲ့ ခေတ်နဲ့ သစ်လေးတို့ဟာ စူးစမ်းလေ့လာမှုတွေအပြည့်နဲ့ မေမေနဲ့အတူ ပုံပြင်စာအုပ်လေးတွေဖတ်နေကြတဲ့ အသည်းယားစရာပုံရိပ်လေးတွေကလည်း မြင်တွေ့သူတိုင်းကို အသည်းယားအချစ်ပိုစေမှာပါနော်..။

ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေ ဖြစ်ကြတဲ့ ခေတ်တုတ်လေးနဲ့ သစ်တုတ်လေးတို့ကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေကို အသည်းယားအချစ်ပိုအာင် လုပ်နိုင်လွန်းတဲ့ ထူးချွန်ဆုလေးတွေကို ပိုင်ဆိုင်ထားသူလေးတွေလို့ ဆိုရတော့မှာပါပဲနော်..။

ခေတ်သစ်အမွှာညီအစ်မလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပြည်သူအချစ်တော်လေးတွေကတော့ အမြဲချစ်စရာကောင်းလွန်းတဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကြောင့် ပရိသတ်တွေကြားအမြဲရေပန်းစားနေပြီး လူအများစောင့်ကြည့်မှုတွေကိုလည်း အများဆုံးရရှိပိုင်ဆိုင်ထားကြတဲ့ အသည်းကျော် ဆယ်လီလေးတွေဆိုလည်း မမှားပါဘူး..။

Photo - ချစ်သုဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။