ပါးထောင့်လေးမှာ မှဲ့လေးတစ်လုံးနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်လွန်းတဲ့ ဇာတ်ပို့သရုပ်ဆောင် ပွင့်နဒီမောင်တစ်ယောက် သူမရဲ့အလန်းစားပုံရိပ် တွေကို ပရိသတ်တွေဆီအရောက်ပို့ပေး လိုက်ပါပြီ။ အနီရောင်တောက်တောက် Fashion လေးက တကယ်ကိုကြွေချင်စရာကောင်းလွန်းနေပါတယ်။ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေလုပ်တာနည်းပါးသွားပြီး ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေရှေ့ကို " နေရယ် လရယ် အမှန်တရားရယ် " ဇာတ်ကားနဲ့ ပြန်လည်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

ယခင်က ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအဖြစ်နဲ့ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့သက်တမ်းဟာလည်း အတော်ကြာခဲ့ပြီဖြစ်ပြီး ချစ်ခင်အားပေးတဲ့ ပရိသတ်တွေနဲ့အတူ သူမရဲ့သာယာပျော်ရွှင်ဖွယ်ဘဝလေးက တကယ်ကိုအားကျချင်စရာပါပဲ။ အိမ်ထောင်ပြုထားပေမယ့်လည်း လက်ရှိအချိန်ထိ သားသမီးရတနာမထွန်းကားသေးပါဘူး။ ဘေဘီလေးတွေ ဘယ်တော့ရောက်လာမယ်ဆိုတာကို ပရိသတ်ကြီးကလည်း မျှော်လင့်နေပါတယ်နော်။

သူမရဲ့ရင်ခုန်ချင်စရာပုံရိပ်လေးတွေကို " ကျမမှာရှိတဲ့ အားနည်းချက်တွေကို ကျမသိတဲ့ အတွက် ... ကျမ စိတ်ဓာတ်ကြံခိုင်နေတာပါ " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အိမ်ထောင်ရှင်ဖြစ်ပေမယ့် အပျိုတွေရှုံးရလောက်အောင် လှသွေးကြွယ်ပြီး အရမ်းတွေ မိနေ မိုက်နေတဲ့ သရုပ်ဆောင် ပွင့်နဒီမောင်ရဲ့ အလန်းတကာ့အလန်းဆုံးပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်တယ်နော်။

Photo - Pwint Nadi Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။