အသက်(၁၅)နှစ် အရွယ်ကတည်းက မော်ဒယ်လ်တစ်ယောက်အဖြစ်ကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ကိုယ်ထူကိုယ်ထနဲ့ နေရာတစ်ခုရအောင် ကြိုးစားပြနိုင်ခဲ့တဲ့ ဟန်တီဟာ လက်ရှိမှာ Miss Myanmar World 2018 Winner အလှသရဖူဆောင်းနိုင်ခဲ့ပြီးနောက် ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအလှမယ်အဖြစ် အကောင်းဆုံးသွားရောက်ယှဉ်ပြိုင်ပေးခဲ့သူလည်းဖြစ်ပါတယ်။

Miss Face of Myanmar ဆု၊ Miss Supranational 2014 ဆု ရရှိခဲ့ပြီး အဆိုတော်တစ်ယောက်အနေနဲ့ပါ ကြိုးစားနေတဲ့ သူမဟာ "မချစ်တတ်သေးဘူး " သီချင်းခွေ Album တစ်ချပ် ထုတ်ဝေခဲ့ပြီးဖြစ်သလို အဆိုဘက်မှာလည်း ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိခဲ့ပြီးဖြစ်ပါတယ်။သူမဟာ အသက်(၂၁)သာရှိသေးပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာကော ပညာရေးမှာ ပါ ထွန်းပေါက်အောင်ကြိုးစားနိုင်သူဖြစ်ပြီး New York Film Academy ထိ ရုပ်ရှင်အနုပညာကိုလေ့လာခဲ့ပြီး ယခုဆိုရင် ရုပ်ရှင်လောကတွေထိ ခြေဆန့်လာပြီး ရုပ်ရှင်တွေလည်း ရိုက်ကူးနေပြီးဖြစ်ပါတယ်။

လတ်တလောမှာတော့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင်ပေါင်းသင်းတတ်ပြီး လူချစ်လူခင်မျာတဲ့ ဟန်တီတစ်ယောက် New York Film Academy ကကျောင်းတက်ရင်း ခင်မင်ခဲ့တဲ့ ကျောင်းနေဘက်သူငယ်ချင်းလေးက မြန်မာနိုင်ငံထိ လာရောက်လည်ပတ်ခဲ့တာမို့ သူမရဲ့ အိမ်မှာ ကြိုဆိုတွေ့ဆုံခဲ့ပြီး လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ forever gems လေးကို ဘာဘီအရုပ်မလေးအလား အနီရောင်ဝတ်စုံလှလှလေးနဲ့ ချစ်စဖွယ်တက်ရောက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်တချိုကနဲ့ အတူပြန်လည်မျှဝေလိုက်ရပါတယ်။

source: Han Thi ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။