သရုပ်ဆောင် အဆိုတော်ဝါဆိုမိုးဦးတစ်ယောက် 2009 ခုနှစ်က သူမရဲ့ပုံရိပ်တစ်ခုနဲ့ လက်ရှိ 2019 က သူမရဲ့ပုံရိပ်ကို ယှဉ်ပြီး Instagram My Day မှာ တင်လိုက်တာပဲဖြစ်ပါတယ်။ အများကြီးပြောင်းလဲသွားတဲ့ပုံက တကယ့်ကိုအမိုက်စားပါပဲ။ နဂိုကတည်းက လှတဲ့သူလေးဖြစ်တာမို့ ပြောင်းလဲ ပြင်ဆင်မှုတွေလုပ်လိုက်တဲ့အချိန်မှာတော့ အပြတ်ကိုလန်းသွားတဲ့ နတ်မိမယ်လေးအလား အရမ်းကိုဂေါ်ထွက်နေခဲ့ပါပြီ။ Snare အဖွဲ့ဝင် အဆိုတော် ဖြိုးလေးနဲ့လည်း ချစ်သူသက်တမ်း 2 နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိအချိန်ထိ အဆင်ပြေတဲ့အချစ်ရေးလေးကို ပိုင်ဆိုင်နေဆဲဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ ပျော်စရာ Relationship လေးကို ဖန်တီးထားကြပါတယ်။ နှစ်ယောက်အတူ မကြာခဏ ခရီးတွေထွက်ကြပြီး ပျော်စရာကောင်းလွန်းတဲ့ သူမတို့ရဲ့ချစ်သူဘဝလေးက တကယ်ကိုအားကျချင်စရာပါပဲ။ သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး လက်ရှိအချိန်မှာတော့ ချစ်သူဖြစ်သူရဲ့ အကောင်းဆုံး ပံ့ပိုးမှုလေးနဲ့ သီချင်းခွေတစ်ခွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ နှစ်ယောက်အတူသီချင်းတွေလည်းလုပ်နေပြီး ပရိသတ်တွေကို မကြာခင်ချပြတော့မယ်လို့လည်းဆိုပါတယ်။

2009 ခုနှစ်က ကလေးပုံစံလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ဝါဆိုတစ်ယောက် လက်ရှိ 2019 မှာတော့ အရမ်းကိုလန်းနေတဲ့ မိန်းမပျိုလေး တစ်ယောက်အဖြစ်နဲ့ တွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းနဲ့အညီ ပြောင်းလဲလာတဲ့ အလှတရားတွေနဲ့ ဖွံ့ထွားလာတဲ့ ရင်ခုန်ချင်စရာကောက်ကြောင်းတွေဟာ တကယ့်ကိုစွဲမက်ချင်စရာပဲမို့ ဝါဆို့ရဲ့ဆယ်စုနှစ်တစ်စုစာပြောင်းလဲမှုလေးကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - Warso Moe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။