iPhone X ဟာ ဒေါ်လာ 1000 တန်ကြေးရှိတဲ့ တန်ဖိုးကြီးစမတ်ဖုန်း ဖြစ်ပါတယ်။ သူ့ကိုဖန်ကိုယ်ထည်ဖြင့် တည်ဆောက်ထားတဲ့အတွက် အောက်ပြုတ်ကျရင် အလွယ်တကူကွဲကြေသွားနိုင်ပါတယ်။ အဲဒီအတွက် သူ့ကိုကာကွယ်ပေးတဲ့ Case များကို ဖန်တီးရောင်းချလာကြပါတယ်။  

အခုတော့ Roxxlyn အမည်ရ ကုမ္ပဏီကကျောက်သားဖြင့် ဖန်တီးထားတဲ့ iPhone X Case ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို ဂျာမနီမှာ ထုတ်လုပ်ထားတဲ့အတွက် အလွန်တိကျတဲ့ တည်ဆောက်မှု အရည်အသွေးကို ရရှိမှာဖြစ်ပါတယ်။  

မတူညီတဲ့ ကျောက်သားများဖြင့် ဖန်တီးထားတဲ့ မော်ဒယ်များစွာရှိပြီး ဒေါ်လာ 90 နဲ့ 400 အကြား တန်ကြေးရှိပါတယ်။ Case များဟာ တစ်ပေါင်လောက်သာ အလေးချိန်ရှိပြီး ဖုန်းမှာတပ်ဆင်ထားရင် စုစုပေါင်းအလေးချိန်ဟာ 1.25 ပေါင်ရှိပါတယ်။ 

Source : Original uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။