မန်ယူကွင်းလယ်ကစားသမား Pogba ဟာဆိုရင် ခုချိန်မှာတော့ မန်ယူအသင်းအတွက် လုံးဝကို အထောက်အကူးပေးနေပြီဖြစ်ကာ မန်ယူဟာလဲ အောင်မြင်မှုတွေနဲ့အတူ ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။ ဆိုးရှားရဲ့ နည်းပြမှုနဲ့အတူ မန်ယူဟာ တစ်ဖန်ပြန်လည် နိုးထလာနိုင်ခဲ့ပါပြီ။ ဒါဟာ မန်ယူပရိသတ်တွေအတွက် ကျေနပ်အားရစရာပါပဲ။ ဆိုးရှားဟာလဲ သူ့ရဲ့ဆရာတစ်ယောက်ဖြစ်တဲ့ ဖာဂူဆန်ရဲ့ နည်းပြမှုတွေနဲ့ မန်ယူကို ပြန်လည်နည်းပြနေတာပဲဖြစ်ပါတယ်။ 

Pogba ဟာဆိုရင် ခုလိုမန်ယူရဲ့အောင်မြင်မှုတွေကို ပြန်လည်ရရှိတဲ့အတွက် ပျော်ရွှင်ကာ ညီအစ်ကိုနှစ်ယောက်အတူတူ ကတဲ့ video ကို Instagram မှာပြန်လည်ဝေမျှခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ 6ix9ine နဲ့ Kanye West တို့ရဲ့သီချင်းဖြစ်တဲ့ 'KANGA' သီချင်းနဲ့ ကနေကြတာပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးက တော်တေ်ာကို အကကြမ်းနေကြပါတယ်....အခန်းထဲမှာဆိုတော့လဲ ကြမ်းပြီပေါ့။ သီချင်းဟာလဲ အမြူတလိုင်းဆိုတော့ ကလိုကောင်းပါတယ်။

မန်ယူဟာ တနင်္ဂနွေနေ့က စပါးနဲ့ပွဲကို အိမ်ကွင်းမှာ ၁ဂိုး ဂိုးမရှိနဲ့အနိုင်ကန်နိုင်ခဲ့ကာ ဆိုးရှားရဲ့လက်အောက်မှာ ၆ပွဲဆက်အနိုင်ရရှိနိုင်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ FA မှာတွေ့မဲ့ပွဲမှာဆိုရင်ရော မန်ယူဟာ အာဆင်နယ်ကို အနိုင်ကန်နိုင်မှာလား.....မသိဘူးလေ....စောင့်ကြေည့်ရမှာပေါ့ဗျာ။ Pogba ဟာလဲ ဆိုးရှားရောက်ပြီး ၅ပွဲကစားခဲ့ကာ ၅ပွဲနိုင်ပြီး ၄ဂိုးသွင်းထားကာ ၄ဂိုးဖန်းတီနိုင်ထားပါတယ်။ ဆိုးရှားရဲ့ နည်းပြမှုအောက်မှာ ကစားသမားတွေဟာ လွတ်လွတ်လပ်လပ် ကစားထားနိုင်ပြီး စိတ်ကျေနပ်မှုတွေကို ရရှိနေကြပါတယ်။

Source : Daily Mail Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။