ပရိသတ်ကြီးရေ.. မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်မှုတွေကို ယနေ့ထိတိုင်အောင် အခိုင်အမာသိမ်းပိုက်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ သူငယ်ချင်းတွေကတော့ အတူဆုံပြီး ပရိသတ်တွေကို သီချင်းလေးတွေ ဆိုပြခဲ့ကြပါတယ်..။

စိုင်းစိုင်း၊ G-Fatt၊ ဘန်နီဖြိုး၊ နေဝင်းနဲ့ နန္ဒစိုင်းတို့ သူငယ်ချင်း (၅)ယောက် အတူဆုံတုန်းလေး အားတဲ့အချိန်လေးမှာ ပျော်ပျော်ပါးပါးနဲ့ စိတ်လွတ်ကိုယ်လွတ် အပျင်းဖြေ ဇယ်ခုံတောက် ဆော့ကစားခဲ့ကြတာ ဖြစ်ပါတယ်..။

ဇယ်ခုံတောက်ရင်း စိုင်းစိုင်းတစ်ယောက်ကတော့ ငယ်ငယ်ကအတိုင်း အခုအချိန်အထိ လက်စွမ်းတွေ ပြခဲ့ပြီး “အလတ်ကြီး ကျန်သေးတယ်..” ဆိုပြီးတော့လည်း ဇယ်ခုံတောက်ခဲ့တဲ့ အမှတ်တရပုံလေေးတွကိုလည်း ပရိသတ်တွေကို မျှဝေထားပါသေးတယ်..။

သူငယ်ချင်းတွေတစ်စုကတော့ လတ်တလောမှာ ဖျော်ဖြေရေးအစီအစဉ်နဲ့ ကယားပြည်နယ် လွိုင်ကော်ကို ရောက်ရှိနေကြတာဖြစ်ပြီး အမှတ်တရဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကိုလည်း မျှဝေထားတာလည်း တွေ့ရပါတယ်..။

စိုင်းစိုင်းခမ်းလှိုင်၊ နန္ဒစိုင်း၊ G-Fatt၊ ဘန်နီဖြိုးနဲ့ နေဝင်းတို့ သူငယ်ချင်းအဆိုတော်တွေကတော့ မိန်းကလေးပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အများဆုံး ရရှိထားသလို ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးမှုတွေကိုပါ အခိုင်အမာရရှိထားကြတဲ့ အောင်မြင်နေတဲ့ အနုပညာရှင်တွေဆိုလည်း မမှားပါဘူး..။

Mynmarload ပရိသတ်တွေ အတွက်လည်း စိုင်းစိုင်းတို့သူငယ်ချင်းတွေရဲ့ ပျော်ပျော်ပါးပါးနဲ့ ဇယ်ခုံတောက်ရင်း ပျော်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်နော်..။

Photo - စိုင်းစိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။