ပရိသတ်ကြီးရေ ပုရိသ တို့ဆွဲမက်စေလောက်အောင် ခန္ဓာကိုယ်ဖွံ့ဖြိုးခိုင်ခံ့တဲ့ မင်းသမီးချောလေးနန်းသီရိမောင်ကိုသိကြမယ်ထင်ပါတယ်။ သူမဟာအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်အများအပြားရဲ့အားပေးမှုကို လက်ခံပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ သူမရဲ့ချိုသာသောအပြုံးလေးတွေဟာဆိုရင်လည်း ကြည့်မိသူပရိသတ်တို့ရဲ့ရင်ကိုအေးမျှစေတာပဲဖြစ်ပါတယ်။ သဘောကောင်းပြီးဘာသာတရားကိုင်းရှိုင်းသူ အဖြစ်နာမည်ကျော်ကြားလူကြိုက်များနေတဲ့ သူအဖြစ် အနုပညာလျှောက်လမ်းပေါ် တည်ငြိမ်စွာ မယိုင်လဲဘဲ လျှောက်လှမ်းနေတာဖြစ်ပါတယ်။

သူမရဲ့ အချစ်ရေးဟာဆိုရင်လည်း အဆိုတော် သားဂန်းနဲ့ အတူ ပျော်ရွင်စရာ relationship တစ်ခုကို တည်ဆောက်နေတာပဲဖြစ်ပါတယ်။ အသက်ငယ်ရွယ်ပင်မဲ့ သူမအပေါ် အလိုလိုက်ဂရုစိုက်မှု တွေကြောင့် မ နဲ့မောင် ဇာတ်လမ်းလေးအဖြစ် လူတကာ အားကျရတဲ့ နတ်ဖတ် တဲ့စုံတွဲတွေ လို့ပြုစမတ်ပြုရမှာဖြစ်ပါတယ်။ ဘေဘီမောင်နဲ့ အဆိုတော်သားဂန်းဟာဆိုရင် သက်ဆိုင်ရာ အနုပညာလုပ်ငန်းတွေကို တစ်ဦးနဲ့တစ်ဦး ဖေးမစွာ လုပ်ကိုင်နေတာဖြစ်ပြီး အနားကနေ အပြောက်မခံနိုင်လောက်အောင် ချစ်မြတ်နိုးတဲ့ ချစ်သူစုံတွဲပဲဖြစ်ပါတယ်နော်။ ပွဲလမ်းသဘင်တွေသွားရင်လည်း တစ်ယောက်လက်ကိုတစ်ယောက်ချိတ်ပြီး လူတကာ အားကျရတဲ့ စုံတွဲအဖြစ် နှစ်ယောက်တစ်ကမ္ဘာ ထူထောင်ထားတာပဲဖြစ်ပါတယ်။ 

ဘေဘီမောင်ဟာဆိုရင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တို့ အဆက်မသွယ်မပြတ်သွားရအောင်နေ့စဉ်နှင့် အမျှတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ သူမရဲ့ social mediaတစ်ခုဖြစ်တဲ့ facebook စာမျက်နှာပေါ်တွင် အမြဲဖော်ပြပေးနေကြဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း" ရွှေဘုန်းပွင့်ဘုရားမှာ နွှံ ဆိုတဲ့ဇတ်ကားအတွက်ကန်တော့ပွဲပေးပီး မမမြတ်နိုးချုပ်ပေးတဲ့အင်္ကျီလေးနဲ့အလှပုံလေးတွေရိုက်ခဲ့ပါတယ်ရှင်" ဆိုပြီး ပရိသတ်ကြီးကို တလေးတစား သတင်းစကားပါးထားပဲဖြစ်ပါတယ်။ "နွှံ ဆိုတဲ့ဇတ်ကားထဲမှာ ဘရဏီဆိုတဲ့ ကောင်မလေး ဟီးကျမပေါ့ ဘယ်လို့ဇတ်ရုပ်ကိုသရုပ်ဆောင်မလဲဆိုတာ....." လို့ချစ်စဖွယ်ဆိုထားတဲ့ မြှုပ်ကွက်လေးတွေနဲ့ အတူ သူမရဲ့ မြန်မာဆန်ဆန်ကျက်သရေရှိလှတဲ့ အလှပုံရိပ်များစွာကို Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

source Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။