#10 Cathay Pacific

ဟောင်ကောင်နိင်ငံအခြေစိုက် Cathy Pacific Airlines ကလေယာဉ်မယ်တွေဟာဆိုရင်တော့ ခပ်တောက်တောက်အနီရောင် Uniformကို ဝတ်ဆင်ကြပီး ခြေတံရှည်ရှည် အသားဖြူဖြူ အပြုံးချိုချိုလေးတွေနဲ့ မို့ အမိုက်စား fashion မော်ဒယ်တွေရှူံးလောက်အောင် လှပပါတယ်။

#9 Emirates

Emirates Airlineဟာဆိုရင် Dubai နိုင်ငံအခြေစိုက် ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းမှာ နံပါတ်(၄) ဖြစ်သလို Emiratesလေယာဉ်မယ်တွေရဲ့ Uniformဟာဆိုရင် တခြားလေကြောင်းလိုင်းတွေနဲ့ မတူပဲ တမူထူးခြားပါတယ်။အသားရောင် outfits နဲ့ အနီရောင်သရေဖိနပ် အတူ emirates အမှတ်တံဆိပ် အနီရောင်ဦးထုပ်ဝတ်ဆင်ထားကြတဲ့ လေယာဉ်မယ်တွေ လေဆိပ်တွေမှာ ဖြတ်သွားတိုင်း မကြည့်ပဲမနေနိုင်အောင် လှပပါတယ်။ 

#8 Virgin Atlantic

United Kingdom , British ပိုင် Virgin Atlantic ဟာဆိုရင် အလှဆုံးလေယာဉ်မယ်တွေရှိတဲ့ airline တွေထဲက တခုပါပဲ။အနီရောင် ဟိုက်ကော်လန် ဘလောက်အင်္ကျီ Uniform နဲ့အတူ ပိုးသားလည်ပတ်လေးပတ်ထားတဲ့ Virgin Atlantic Airline ကလေယာဉ်မယ်တွေကို တမိုင်လောက်အကွာကနေ သတိထားမိလောက်အောင် လှပကြပါတယ်။  

#7 EVA Air

ထိုင်ဝမ်အပြည်ပြည်ဆိုင်ရာ အခြေစိုက် EVA Air လေကြောင်းလိုင်းက လေယာဉ်မယ်တွေဟာဆိုရင် ကျောက်စိမ်းပုပ်ပုပ် အပေါ်အောက် အကျႌတဆက်ထဲ uniformကို ဝတ်ဆင်ကြတာဖြစ်ပါတယ်။ Uniform design ကို fashion house Shiatzy Chen ကဖန်တီးပေးထားတာဖြစ်ပြီး မြင်တဲ့သူ မျက်စိအေး ပသာနဖြစ်လောက်အောင် ဟောင်ကောင် လေယာဉ်မယ်လေးတွေကလဲ အလွန်ကို အလှသတင်းကြီးပါတယ်။ 

#6 Thai Airways

ထိုင်းနိုင်ငံ Bangkokk မြို့ အခြေစိုက် Thai Airways က လေယာဉ်မယ်တွေဟာဆိုရင် ခရမ်းပြာရောင် အနု နဲ့အရင့် နဲ့ ထိုင်းရိုးရာဝတ်စုံ Uniformကို ဝတ်ဆင်ကြပါတယ်။ ထိုင်းမင်းသမီးလေးတွေ အလှသတင်းကြီးသလို ထိုင်းလေယာဉ်မယ်လေးတွေကလဲ အတော်ကိုဆွဲဆောင်မှု ရှိလှပကြပါတယ်။

#5 Lufthansa

Europeမှာ နာမည်အကြီးဆုံး Lufthansa airline ဟာဆိုရင် ဂျာမန်နိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်းဖြစ်ပါတယ်။ ထူးခြားလှပတဲ့ အနောက်တိုင်းသူ လေယာဉ်မယ်လေးတွေနဲ့ အတူ ဖော်ရွေပြီး စိတ်ကျေနပ်စရာကောင်းလှတဲ့ ဝန်ဆောင်မှုတွေနဲ့ မို့ Lufthansa airline နဲ့ ခရီးထွက်တိုင်း အချိန်တွေကုန်တာ သိပ်ကိုမြန်နေပါတယ်လို့ တင်စားကြပါတယ်။ 

#4 Aeroflot Air

Aeroflot Air ဟာဆိုရင် ရုရှားနိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်းတခုဖြစ်ပါတယ် လေယာဉ်မယ်တွေဟာ လိမ္မော်ရောင်တောက်တောက် outfit ရယ် ပိုးသားလည်ပတ် ဦးထုပ် အပြည့်အစုံ uniformကို ဝတ်ဆင်ကြပြီး မျက်လုံးပြာပြာ အရပ်မြင့်မြင့် အပြုံးချိုချိုနဲ့ ရုရှားသူလေယာဉ်မယ်လေးတွေဟာ ရွှေအိုရောင် ဆံပင်လေးတွေကို သပ်သပ်ရပ်ရပ်ထုံးထားကြပါတယ်။ Aeroflot Air ရဲ့ ထူးခြားတဲ့နောက်တချက်ကတော့ 1923 ခုနစ်ထဲက တည်ရှိခဲ့တာမို့ ကမ္ဘာသက်တမ်းအရင့်ဆုံးလေကြောင်းလိုင်း တခုဖြစ်ပါတယ်။ 

#3 Shenzhen Airlines

တရုတ်ပိုင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း နှစ်ခုထဲက တခုဖြစ်တဲ့ Shenzhen Airline ဟာဆိုရင် Shenzhen Bao’an International Airport မှာတည်ရှိပါတယ်။ အဖြူရောင်ရှပ်အဖြူ နဲ့အနီရောင် လက်ပြတ်ဘလောက်အကျႋ နဲ့ အနီရောင်စကဒ်လေးတွေနဲ့ ၇ှန်ဟိုင်းလေယာဉ်မယ်တွေဟာ နံပါတ်(၃) အလှဆုံးလေယာဉ်မယ်တွေ ရှိတဲ့ လေကြောင်းလိုင်းတခုဖြစ်ပါတယ်။Liu Miaomiao ကတော့ ဒီလေကြောင်းလိုင်းရဲ့ ပထမဆုံးလေယာဉ်မယ်ဖြစ်ပြီး World Air Stewardess Association in 2015 မှာ သူမ က အလှဆုံးလေယာဉ်မယ်အဖြစ် ဖော်ပြခြင်းခံခဲ့ရပါတယ်။ 

#2 Singapore Airlines

Business Traveller Asia-Pacific Awards ကနေ ချီးမြင့်တဲ့ ‘World’s Best Cabin Crew Service’ (ကမ္ဘာ့ ဝန်ဆောင်မှု အကောင်းဆုံးလေယာဉ်မယ်ဆု) ရရှိထားတဲ့ Singapore Airlines ရဲ့လေယာဉ်မယ်တွေဟာဆိုရင် ကြည့်လိုက်တာနဲ့ ရင်ထဲအေးပြီး ကျက်သရေရှိတယ် လှပတယ်လို့ အလှသတင်းကြီးပါတယ် 1972 ခုနှစ်လောက်ထဲက " arong kebaya " လို့ ခေါ်တဲ့ အပွင့်အကွက်ဆန်း Uniform ကို ဝတ်ဆင်ကြပါတယ်။

#1 Air France

ကမ္ဘာ့နံပါတ်(၁) အလှဆုံးလေယာဉ်မယ်တွေ တာဝန်ထမ်းဆောင်တဲ့ လေကြောင်းလိုင်းကတော့ Air France ဖြစ်ပါတယ်။ထူးခြားတဲ့ နက်ပြာရောင် ခပ်စိုစို ပြင်သစ်လေယာဉ်မယ်တွေရဲ့ uniform design ကို fashion designer Christian Lacroix က ဖန်တီးပေးထားတာဖြစ်ပီး မကြာခဏ ဆိုသလို Magazine တွေတော်တော်များများမှာ အလှဆုံးလေယာသ်မယ်တွေ အဖြစ် ဖော်ပြခြင်းခံရပါတယ်။

source : good times websites;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။