မော်ဒယ်မလေး စူးရှထက်ကတော့ ရင်ခုန်ချင်စရာကောင်းတဲ့ ကောက်ကြောင်းအလှတွေကြောင့် ပုရိသတွေကြားမှာ ရေပန်းစားနာမည်ကျော်လာခဲ့သူလေး ဖြစ်ပါတယ်။ အများက ဘေဘီလို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ စူးရှထက်က Sexy model တစ်ဦးဖြစ်သလို သီချင်း MTV တွေမှာလည်း ပါဝင်သရုပ်ဆောင်လေ့ရှိပါတယ်။ အခုလည်း စူးရှထက်က အမိုက်စားသီချင်းဗီဒီယိုတစ်ပုဒ်မှာ အလန်းစားအိုက်တင်နဲ့ ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာတော့ စူးရှထက်က ပရိသတ်တွေကို သီချင်းဗီဒီယိုလေးတစ်ခုမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ကြောင်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဝေမျှခဲ့ပါတယ်။ စူးရှထက်က ဗီဒီယိုရိုက်ကူးနေချိန်မှာလည်း ပရိသတ်တွေအတွက် facebook ကနေတစ်ဆင့် live လွှင့်ပေးခဲ့တာ တွေ့ရပါတယ်။ " Call me to the phone " ဆိုတဲ့ သီချင်းလေးကို ရိုက်ကူးနေတဲ့ စူးရှထက်ရဲ့ဖက်ရှင်ကတော့ လုံးဝကို အမိုက်စားဖြစ်နေပါတယ်။

မွေ့ယာထက်မှာ ရင်ခုန်ချင်စရာကောင်းတဲ့ ဖက်ရှင်လေးနဲ့ Sexy ကျကျ သရုပ်ဆောင်နေတဲ့ စူးရှထက်ရဲ့ အမူအရာလေးတွေကတော့ ပုရိသတွေရဲ့အသည်းကို အရည်ပျော်စေလောက်ပါတယ်။ ဆွဲဆောင်မှုရှိရှိနဲ့ စူးရှထက် ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီသီချင်းဗီဒီယိုဖိုင်လေးက မကြာခင်မှာ ထွက်ရှိလာတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စူးရှထက်ရဲ့ ရိုက်ကွင်းက အမိုက်စားဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Zar Chi;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။