ပရိသတ်တွေအတွက်တော့ စိတ်မကောင်းစရာပါပဲ မခိုင်လေး။

ပရိသတ်အချစ်တော် ရုပ်ရှင်မင်းသမီး ခိုင်သင်းကြည်ကတော့ ယနေ့ည ကျင်းပမယ့် အကယ်ဒမီပေးပွဲကို မတက်တော့ဘူးလို့ သိရပါတယ်။

အကြောင်းရင်းကတော့ ခိုင်သင်းကြည်ဟာ ပြီးခဲ့တဲ့အပတ်ထဲက ဖခင်ဖြစ်သူ ကို ဆေးကုသဖို့ မိဘနှစ်ပါးနဲ့အတူ ဘန်ကောက်ဆေးရုံကို ရောက်ရှိနေတဲ့အတွက် ပြန်မလာနိုင်သေးတဲ့ပုံပါပဲ။

ဒီနေ့မှာတော့ သူမရဲ့ ဖခင် ဆေးရုံကဆင်းပေမယ့် ဆရာဝန်နဲ့ ကျန်းမာရေးစစ်ဆေးမှုလေးတွေ ပြန်ပြရဦးမှာဖြစ်တဲ့အကြောင်း ၊ ကျေးဇူးတင်စကားတွေကို ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။

“ဒီနေ့ အဖေနေကောင်းကျနး်မာစွာဖြင့် ဆေးရုံကဆင်းပါပြီ အမျိုးတို့ စိတ်ပူပြီးမေးကြဆုတောင်းပေးကြတဲ့ အမျိုးများ မိတ်ဆွေသူငယ်ချင်းများအားလုံးကျေးဇူးပါရှင့် ၊ 

ဆရာဝန်နဲ့ Check up ပြန်ပြရအုံးမှာဖြစ်လို့ ဒီနေ့ အကယ်ဒမီတော့ မတက်ဖြစ်တော့ပါ မဝတ်ဖြစ်လိုက်တဲ့ ဝတ်စု့နဲ့ လက်ဝတ်ရတနာအတွက် ၀ိန့် စိန်ရွှေဆိုင်နဲ့ မပုံ့(my favurite)ကျေးဇူးပါ ဒီနေ့ညအတွက် ကိုလူမင်း ထွန်းထွန်း၊ ညီမလေး အေးမြတ်သူ ၊သက်မွန်နဲ့ ရွှေကစ်ရေ good luck”  

ဆိုပြီး အကယ်ဒမီမတက်ဖြစ်ပေမယ့် သူမရဲ့ အနုပညာမောင်နှမတွေအတွက် ဆုမွန်ကောင်းပါတောင်းပေးလိုက်ပါသေးတယ်။

မခိုင်လေး ရဲ့ ဖခင် အမြန်ဆုံး ကျန်းမာရေးကောင်းမွန်လာပါစေ။  

သတင်းအရင်းမြစ် facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။