မော်ဒယ်စူးရှထက်တစ်ယောက် " အမွှေပေါ့ " ဆိုပြီး Video လေးတစ်ခုကို တင်လိုက်တာပဲဖြစ်ပါတယ်။ အဆိုတော်အစ္စဏီနဲ့ ပြဿနာတက်ကာ တရားစွဲပြီးနောက်ပိုင်းမှာတော့ သူမကို ပရိသတ်တွေပိုမိုသတိထားမိလာပြီး အားပေးခဲ့ကြတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဒီကိစ္စဟာ မပြီးဆုံးသေးပဲ သူမကိုတိုက်ခိုက်သူတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ သူမအိမ်မှာအတူတူနေသူတစ်ယောက်ဟာ သူမရဲ့ဖုန်းတွေနဲ့ ပိုက်ဆံတွေကို အလစ်သုတ်သွားခဲ့တယ်လို့လည်းဆိုပါတယ်။

လမ်းသွားလို့အပြင်မှာသူမကိုတွေ့ရင်လည်း နှာခေါင်းရှုံ့ကြတယ်လို့ဆိုပါတယ်။ မိဘကိုအကောင်းဆုံးလုပ်ကျွေးပြုစုချင်တာမို့လို့ သူမက အလုပ်တွေကို ကြိုးစားလုပ်နေတယ်လို့ဆိုပါတယ်။ မိသားစုနဲ့ဝေးဝေးမှာနေပြီး မိန်းကလေးတစ်ယောက်လည်းရုန်းကန်ရတာခက်ခဲတာမို့ သူမရဲ့ဘဝကို အကောင်းဆုံးဖြတ်သန်းပြီး ကြံ့ကြံ့ခိုင်ကြိုးစားနေတယ်လို့လည်းဆိုပါတယ်။ သူမကိုအားပေးသူတွေကိုတော့ ကျေးဇူးတင်ပြီး ကဲ့ရဲ့တဲ့စကားတွေကိုတော့ မသိသလို ကျော်သွားလိုက်တယ်လို့ဆိုပါတယ်။

သူမက ဒီနေ့မှာတော့ သီချင်း MTV လေးရိုက်ကူးနေတာဖြစ်ပြီး ရိုက်ကွင်းထက်မှာ ခပ်ပြောင်ပြောင် Video လေးတစ်ခုကို ရိုက်ကူးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီ Video ထဲမှာတော့ သူမက မွေ့ယာအဖြူထက်မှာ ရှပ်အင်္ကျီအဖြူကိုဝတ်ဆင်ထားပြီး ကုတင်ပေါ်မှာ ဒေါ်လာတွေကို ကြဲချလိုက်တာပဲဖြစ်ပါတယ်။ တကယ့်ကိုအချေစိန်တစ်ယောက်လို ကြဲချလိုက်ပေမယ့် ပြုံးနေတဲ့သူမရဲ့မျက်နှာလေးက တကယ်ကိုချစ်စရာလေးမို့ ဖော်ပြပေးလိုက်တယ်နော်။

Photo - Zar Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။