ပရိသတ်ကြီးကိုဒီတစ်ခါတင်ဆက်ပေးမှာကတော့ အရေပြားကိုကြိုက်သလောက် ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိတဲ့ဗြိတိန်နိုင်ငံသား Garry Turner အကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ သူ့မျက်နှာကနေ ခန္ဓာကိုယ် တစ်ကိုယ်လုံးနေရာအနှံ့ ဆွဲဆံ့နိုင်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ထိုသူရဲ့ အစွမ်းကတော့ တော်ရုံလူလုပ်ဖို့မလွယ်တဲ့ ကြက်သီးထစရာ အစွမ်းကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ 

ထိုသူဟာဆိုရင် ၁၉၇၁ မှာမွေးဖွားခဲ့တာဖြစ်ပြီး Ehlers-Danlos Syndrome လို့အမည်ရတဲ့ ရှားပါးဆေးဘက်ဆိုင်ရာရောဂါကြောင့် ၆.၂၅လက်မအထိ မိမိအစာအိမ်၏အသားအရေကိုဆန့်နိုင်တာပဲဖြစ်ပါတယ်။ အခုလိုဆိုတော့လည်း သူ့အတွက် ဝမ်းနည်းစရာသတင်းတစ်ခုပါပဲ။ 

ထိုဟာက ဆက်သွယ်နေသော တစ်သျှူးတွေကို ဖရိုဖရဲဖြစ်စေပြီး အသားအရေနှင့် အရိုးအဆစ်တွေကိုလျော့ရဲစေလာတာပဲဖြစ်ပါတယ်။ "အစဉ်အမြဲငါ့အရေပြားက သူများတွေနဲ့မတူကွဲပြားနေတာကို သေးငယ်တဲ့ ကလေးဘဝအရွယ်ကတည်းကသိခဲ့တာပါ၊ ဦးလေးကတော့ ကျနော်ရဲ့အရေပြားကို သူတို့မိတ်ဆွေတွေအားဖော်ပြပြီးပျော်စရာအဖြစ်အသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်"ဝမ်းနည်းစွာဖွင့်ဟခဲ့တာဖြစ်ပါတယ်။ "ဆွဲဆန့်တာကတော့ အားလုံးနာကျင်တာတော့မဟုတ်ပါဖူး၊ သို့သော်ရောဂါ လက္ခာဏာသည်တစ်ယောက်အဖြစ် ရှုထောင့် ကနေကြည့်မယ်ဆိုရင်တော့ငါအရမ်းကိုခံစားရပါတယ်"ဆိုပြီး GWR ကိုပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ဝမ်းနည်းစရာရောဂါဝေဒနာသည်တစ်ယောက်ဖြစ်ပင်မဲ့ ကမ္ဘာမှတ်တမ်းစာအုပ်တွင် စံချိန်တင်ဆုရခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက်ကမ္ဘာတစ်လွှားကထူးခြားအံ့သြဖွယ်ရာသတင်းတစ်ခုဖြစ်တဲ့ Garry Turner ရဲ့ပုံရိပ်တွေနဲ့တကွ video ကိုပါမျှဝေပေးလိုက်ပါတယ်။

source Guinness World Records

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။