အနုပညာဂီတ လောကမှာ ဆယ်စုနှစ်မက ဖြတ်သန်းလာခဲ့ပြီး ဝါရင့်အဆိုတော် တစ်ယောက်ဖြစ်သလို လက်ရှိမှာ X-factor သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တစ်ယောက်တစ်ယောက်လည်း အဖြစ်လည်း ပါဝင်ပေးခဲ့သူ အဆိုတော် ဂရေဟမ်ကို ပရိသတ်များအထူးတလည် မိတ်ဆက်ပေးစရာမလိုအောင် ရင်းနှီးပြီးသားဖြစ်ပါတယ်။ ဂရေဟမ်မှာ အပျိုဖော်ဝင်စ သမီးငယ်လေး ပန်းသွန်းခြယ် နဲ့ ဂီတမျိုးဆက်သစ် သမီးကြီး ပန်းရောင်ခြယ် ဆိုတဲ့အနာဂတ်မျိုးဆက်သစ် သမီးလေးနှစ်ယောက်ရှိပါတယ်။ 

သမီးကြီး ပန်းရောင်ခြယ်ကတော့ သြစတျေးယျမှာ သွားရောက်ပညာသင်ကြားကာ လက်ရှိ မြန်မာနိုင်ငံမှာပဲ နေထိုင်လျှက်ရှိပြီး ဖေဖေ ဖြစ်သူ ဂရေဟမ်နဲ့ အတူ ဂီတအလုပ်တွေကို အတူတူ လုပ်ကိုင်လျှက်ရှိပါတယ်။ဖေဖေနဲ့ သမီးချော ပန်းရောင်ခြယ်တို့သားအဖ နှစ်ယောက်ပေါင်းလို့ " Wake up Daddy !" ဆိုတဲ့ သီချင်းလေးထွက်ရှိခဲ့ပြီဖြစ်ပြီး ပန်းရောင်ခြယ်ကတော့ " Let Me go" ဆိုတဲ့ သီချင်းလေးနောက်ဆုံးထွက်ရှိထားပါတယ်။

ဇန်နဝါရီလ(၁၄) ရက်နေ့ကတော့ ဦးဂရေဟမ်ရဲ့ သမီးချောလေးနှစ်ယောက်ဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ရဲ့ မွေးနေ့လေးဖြစ်ပြီး ထူးထူးခြားခြား ညီအမနှစ်ယောက်လုံးဟာ တရက်တည်း ၊ တနေ့တည်းမှာ မွေးဖွားခဲ့တာပါ။ ပန်းရောင်ခြယ် ရဲ့ အသက်(၂၃) နှစ်ပြည့်မွေးနေ့နဲ့ အငယ်မလေး ပန်းသွန်းခြယ်ရဲ့ အသက်(၁၈) နှစ်ပြည့် မွေးနေ့ကို အိမ်မှာပဲ ခင်မင်ရတဲ့ အနုပညာအသိုင်းအဝိုင်းကအပြင် အခြားသောမိတ်ဆွေသူငယ်ချင်းများနဲ့ အတူ မွေးနေ့ပါတီပွဲကျင်းပခဲ့ပြီး မနက်ခင်းပိုင်းမှာတော့ St.Mary Home မိခင်နဲ့ ကလေးစောင့်ရှောက်ရေးဂေဟာ မှာ ဆန်အိတ်နဲ့ စားသောက်ဖွယ်ရာများကို သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

source: Graham & Pan Yaung Chel ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။