မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ သုသုကတော့ လက်ရှိမှာ သူမရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ " ကျားကျားကြိုက်ကြိုက် " ရုပ်ရှင်ဇာတ်ကားကြီးကို ငပလီကမ်းခြေမှာ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မင်းမော်ကွန်း၊ မြင့်မြတ်၊ တက္ကသိုလ်ဂွမ်းပုံ ၊ ထက်ထက်ထွန်းတို့နဲ့အတူ သုသုနဲ့ သူမရဲ့သူငယ်ချင်းတွေဖြစ်ကြတဲ့ မထက်၊ လင်းလင်း ၊ ခင်စန်းဝင်းတို့ကလည်း အတူတူ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

စတင်ရိုက်ကူးနေပြီဖြစ်တဲ့" ကျားကျားကြိုက်ကြိုက် " ဇာတ်ကားကြီးအတွက် သုသုတို့သူငယ်ချင်းတစ်စုက ငပလီကမ်းခြေကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ သုသုတို့အဖွဲ့သားတွေအားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုက်ကူးရေးပြုလုပ်ကြတဲ့အပြင် အပျော်တမ်း ဟာသဗီဒီယိုလေးတွေကိုလည်း ရိုက်ကူးခဲ့ကြပါတယ်။ အခုလည်း သုသုက တီဂွမ်းတို့စုံတွဲနဲ့အတူ ကမ်းခြေမှာ အခွီတလိုင်းဗီဒီယိုလေးတစ်ခုကို သဘာဝကျကျ သရုပ်ဆောင်ခဲ့ကြပါတယ်။

ငပလီကမ်းခြေထက်မှာ သုသုတစ်ယောက် ခွေခွေလေး လဲလျောင်းနေတာကို လမ်းလျှောက်ထွက်လာတဲ့ တီဂွမ်းတို့စုံတွဲကမြင်ပြီး ရေသူမလေးလားလို့ မေးလိုက်မိပါတယ်။ ဒါကြောင့် သုသုက အိပ်နေရာကနေထပြီး တီဂွမ်းတို့စုံတွဲကို စကားလေးတစ်ခွန်းပြန်ပြောလိုက်ပါတယ်။ သုသုရဲ့စကားကြောင့် တီဂွမ်းတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားရတာကို ပရိသတ်တွေ မြင်တွေ့ရမှာပါ။ ကဲ ချစ်ပရိသတ်တွေအတွက် သုသုနဲ့ တီဂွမ်းတို့ရဲ့ ကြည့်မိသူတိုင်း ရယ်မောသွားရစေမယ့် အခွီတလိုင်းဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nyi Nyi Maung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။