City FM ရဲ့ ၁၇ နှစ်ပြည့် ဆုပေးပွဲမှာ Frenzo အဖွဲ့ဝင်တွေဖြစ်ကြတဲ့ စိုင်းစိုင်း၊ ဂျွန်၊ ကိကိ၊ Snare / Bunny Phyoe / G-Fatt တို့အားလုံးပေါင်းပြီး " ငါ့ရည်းစားက ပိုမိုက်တယ် " ဆိုတဲ သီချင်းလေးကို အနောက်တိုင်းဝတ်စုံတွေဝတ်ပြီး အလန်းစားဖျော်ဖြေသွားကြတာပဲဖြစ်ပါတယ်။ တကယ့်ကို ရင်သပ်ရှုမောဖွယ်ဖျော်ဖြေမှုဖြစ်ပြီး ပရိသတ်တွေက ပါးစပ်အဟောင်းသားနဲ့ငေးနေရလောကေ်အာင် ဆွဲဆောင်မှုပိုကြတဲ့ နှင်းဆီခိုင် ၇ လက်ပါပဲ။ အလန်းစားဖျော်ဖြေမှုတွေက အမြဲလိုလိုရင်ခုန်ချင်နေစရာကောင်းတာမို့ ဒီတစ်ခေါက်ကလည်း တကယ့်ကို Gentleman Style တွေနဲ့ ကြွေချင်စရာပါပဲ။

ဒီသီချင်းလေးဟာဆိုရင် ကိုယ့်ချစ်သူလေး လှကြောင်း တော်ကြောင်းကို အမွှန်းတင်ပြီး တစ်ယောက်နဲ့တစ်ယောက် စကားနိုင်လုပြောကြတဲ့ အမိုက်စား အမြူစား သီချင်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။ City FM ဟာဆိုရင် နှစ်စဉ်ဆုပေးပွဲတွေကျင်းပလာတာ အခုဆိုရင် ၁၇ နှစ် တိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် Frenzo ရဲ့ တည်ထောင်သူ တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းတစ်ယောက် " အကောင်းဆုံးတေးစီးရီးထုတ်လုပ်သူ " ဆုနဲ့ " အရောင်းရဆုံးသီချင်းခွေ " ဆု တို့ကို အသီးသီးဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ Congratulation ပါ စိုင်းစိုင်းရေ။ 

အားလုံးရဲ့ဖျော်ဖြေမှုမှတ်တမ်းကို စိုင်းစိုင်းတစ်ယောက် " ငါ့ရည်းစားကပိုမိုက်တယ် My Girlfriend is better than yours/ Live performance at 17th City FM awarding ceremony / Sai Sai Kham Leng And Frenzo Artists " ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့်တင်လိုက်တာပဲဖြစ်ပါတယ်။ ဝန်းရံသူအမျိုးသမီးတွေဟာလည်း အပြတ်အသတ်ကိုအားပေးကြမ်းခဲ့ကြပါတယ်။ Frenzo အဖွဲ့ရဲ့ အရမ်းကိုလန်းလွန်းတဲ့ ဖျော်ဖြေမှုနဲ့ Performance တွေကို ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်တယ်နော်။

Photo - Sai Sai Khan Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။