ပြည်သူ့အချစ်တော်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီနေတိုးကတော့ ဇာတ်ကားပေါင်းများစွာမှာ ထိမိတဲ့ အိုင်တင်သရုပ်ဆောင်ချက်တွေနဲ့ နေရာယူလာတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ရခိုင်တိုင်းရင်းသားလေးဖြစ်တဲ့ နေတိုးက အနုပညာလှုပ်ရှားမှုတွေကို ဝါသနာကိုအရင်းခံပြီး ငယ်ရွယ်စဉ်အချိန်ကတည်းက လုပ်ခဲ့တာဖြစ်တာကြောင့် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုအခိုင်အမာရရှိထားတာဖြစ်ပါတယ်။

လူချစ်လူခင်ပေါများပြီး စိတ်သဘောထားဖြူစင်တဲ့ လူရိုးလူအေးကြီးက ခန့်ညားတည်ကြည်တဲ့ ရုပ်ရည်နဲ့ အရမ်းမိုက်တဲ့ အရပ်အမောင်းတွေကိုလည်း ပိုင်ဆိုင်ထားလို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးပဲဖြစ်ပါတယ်။နေတိုးက စွယ်စုံရမင်းသားတစ်လက်လဲဖြစ်လို့ အနုပညာနဲ့ပတ်သက်ရင် ဘယ်အရာမျိုးကိုမဆို အေးဆေးလုပ်နိုင်ပါတယ်နော်။နေတိုးက ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်တဲ့သူတစ်ယောက်ဖြစ်လို့ အကယ်ဒမီဆုတွေကိုလည်း ရယူနိုင်ခဲ့တာပါ။

နေတိုးက ယခုချိန်ထိလည်း ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတာကြောင့် သူရဲ့ အနုပညာလျှောက်လှမ်းဟာ အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေပါတယ်နော်။အနုပညာအလုပ်တွေကိုလည်း ပရိတ်သတ်ကြီးအတွက် အမြဲတမ်း အသစ်အသစ်တွေကို ဖန်တီးနေပါတယ်။အခုဆိုရင်လည်း ရိုက်ကွင်းတစ်ခုမှာ တက်သစ်စအနုပညာရှင် ပိုးမမှီသာနဲ့အတူ ကြော်ငြာအတူတူရိုက်နေပါတယ်။အသက်ကြီးလာပေမယ့် မပျက်စီးသေးတဲ့ ခန့်ညားချောမောခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ နေတိုးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Nay toe:Nay Toe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။