MRTV-4ရဲ့ ထိပ်တန်းမင်းသမီးချောလေးဖြစ်တဲ့ ခြူးလေးကတော့ ပရိသတ်တွေနဲ့ အထူးမိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားသူလေးဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းပြီး စိတ်သဘောထား ဖြူစင်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်တိုလေးအတွင်းမှာ ရရှိထားတဲ့ သူလေးဖြစ်ပါတယ်။ အရမ်းကို ပျော်ပျော်နေတတ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော်ခြူးလေးက မကြာသေးခင်က ချစ်သူဖြစ်သူနဲ့ ပြဿနာတွေတက်ခဲ့ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ကြိုးစားခဲ့တယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။

ထိုသတင်းတွေကြောင့် ခြူးရဲ့ ပရိသတ်တွေကြားမှာ ဂယက်ရိုက်ခဲ့ပြီး ခြူးကို အရမ်းကို စိတ်ပူနေခဲ့ကြပါတယ်။ ယခုချိန်မှာတော့ ပရိသတ်တွေမြင်တွေ့ရတဲ့ အတိုင်း ချစ်သူဖြစ်သူနဲ့ အတည်အလင်း လမ်းခွဲလိုက်ပြီဖြစ်ပြီး ဘဝကို ရှေ့ဆက်နိုင်ဖို့ အတွက် အကောင်းဆုံးကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ ခြူးက သူမချစ်တဲ့ ပရိသတ်တွေကို ဘယ်တော့မှ ပြစ်မသွားမယ့်အကြောင်းကိုလည်း ပြောပြခဲ့ပြီး ယခုဆိုရင် အနုပညာအလုပ်တွေကို စိတ်လက်ပျော်ရွှင်စွာနဲ့ လုပ်ကိုင်နေတဲ့ ခြူးလေးရဲ့ ပုံရိပ်တွေကို ပရိသတ်တွေမြင်တွေ့ရမှာဖြစ်ပါတယ်။

ပရိသတ်တွေသိတဲ့ အတိုင်း သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲတင်ပေးဖြစ်တဲ့ ခြူးလေးက ပြဿနာတွေဖြစ်ပြီးတဲ့ နောက်မှာ ပုံတွေသိပ်မတင်ဖြစ်တော့ပေမယ့် ယခုဆိုရင်တော့ သူမရဲ့ ပျော်ရွှင် ကြည်နူးစွာနဲ့ အလုပ်တွေကို ပြန်လည်ကြိုးစားနေတဲ့ ပုံရိပ်လေးတွေနဲ့ ပြန်လည်ဝေဆာနေပြီဖြစ်ပါတယ်။ ယခုလည်း " မနေ့က ရေတံခွန်တောင် ခြေနားက မိဘမဲ့ကလေးများ စောင့်ရှောက်ထားတဲ့ ဓမ္မဥယျာဉ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကိုရောက်ခဲ့တယ် ဖြူစင်လွန်းတဲ့ ကလေးလေးတွေ ကြောင့် သနားဂရုဏာ မုဒိတာစိတ်တွေပိုခဲ့ရပါတယ်" ဆိုပြီး ချစ်စရာကောင်းတဲ့ ရင်ခွင်မဲ့ကလေးလေးတွေကို ဂရုတစိုင်ထမင်းတွေခွံ့ကျွေးရင်း ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source:Chue

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။