ပရိတ်သတ်ကြီးရေ ... အခုနောက်ပိုင်းမှာ အနပညာခြေလှမ်းတွေစိပ်လာပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်လာတဲ့ တေးသံရှင်ဘနားနားကိုပရိတ်သတ်ကြီးသိမှာပါနော်။မြန်မာအိုင်ဒေါ အဆိုပြိုင်ပွဲမှာ နာမည်ကြီးဖြစ်လာခဲ့တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ဗိုက်ဆာလွန်းလို့ သီချင်းစာသားလေးတွေ မေ့ခဲ့ရတဲ့ခြိမ့်ကေကို ကို ဒိုင်တစ်ဦးဖြစ်တဲ့မြန်မာပြည် သိန်းတန်ကနေ ငှက်ပျောသီးကျွေးရာကနေ ဘနားနားလို့ ပရိတ်သတ်တွေချစ်စနိုးခေါ်တာကိုခံခဲ့ရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်၊

အဲ့ဒီနောက်မှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်လာခဲ့ပြီးတော့ ပရိတ်သတ်အခိုင်အမာကို အချိန်တိုတွင်းမှာပဲရရှိခဲ့ပါတယ်နော်။ သူဟာသီချင်းတွေအပြင် အခုနောက်ပိုင်းမှာ ဗီဒီယို ရုပ်ရှင်လောကထဲကို ဝင်ရောက် အခြေချဖို့ကြိုးစားလာတာကိုတွေ့ရပါတယ်နော်။ လတ်တလောမှာ ဟာသဗီဒီယိုအတိုလေးတွေကို ပရိတ်သတ်တွေရှေ့ချပြခဲ့ပြီး လူကြမ်းသရုပ်ဆောင်နိုင်လူနဲ့အတူ ငါ့ကိုပြန်သောက်တဲ့အရက်ဆိုတဲ့ ဗီဒီယို ဇာတ်ကားကိုရိုက်ကူးနေကြောင်းသိရပါတယ်နော်။

အခုလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသ ဗီဒီယိုအတိုလေးကို တင်ကာ ပရိတ်သတ်တွေနဲ့အဆက်အသွယ်မပြတ်အောင်ကြိုးစားနေခဲ့ပါတယ်။ အခုတခါသူတင်ထားတဲ့ ဗီဒီယိုလေးမှာတော့ ဘနားနားဟာ အအပုံစံဟန်ဆောင်ထားတဲ့ ဒုရဲအုပ်အောင်နိုင်ဆိုသူရဲ့နေရာကနေပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်နော်။ ဒီဗီဒီယိုလေးဟာ ပရိတ်သတ်တွေကို ပြုံးရယ်ပြီး ဘဝအမောပြေစေတာကြောင့် ကြည့်ရှုသူ shareတဲ့သူတွေ အများအပြားရှိနေခဲ့ပါတယ်နော်။ ကဲ... ပရိတ်သတ်ကြီးလည်း ဘနားနားရဲ့ အခွီ ဗီဒီယိုလေးကို ကြည့်ပြီး သုံးသပ်ပေးလိုက်ကြပါအုန်းနော်။ 

Source : Chaink K Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။