မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး မိုးယုစံကတော့ ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားတတ်သူလေး ဖြစ်ပါတယ်။ ကြော်ငြာ၊ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မိုးယုက အခုချိန်မှာတော့ အနုပညာအလုပ်တွေကို အနည်းငယ်သာ လုပ်ကိုင်တော့တာ တွေ့ရပါတယ်။ အရမ်းကိုချစ်စရာကောင်းတဲ့ သားချောလေးကို ပိုင်ဆိုင်ထားတဲ့ မိုးယုက သူမရဲ့အချိန်တွေကို သားလေးအတွက် အပြည့်အဝပေးပြီး ဂရုစိုက်ပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင်က ပြုလုပ်ကျင်းပခဲ့တဲ့ နှင်းဆီအဖွဲ့သားတွေရဲ့ " နှင်းဆီပုဝါခြုံတဲ့လက် " အငြိမ့်ဖျော်ဖြေပွဲကြီးမှာ မိုးယုက မင်းသမီးတစ်ဦးအဖြစ် ပါဝင်ကပြခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ မိုးယုကို ကလေးမိခင်လို့ မထင်ရလောက်အောင် ကျော့ရှင်းလှပတဲ့ အငြိမ့်မင်းသမီးလေးတစ်ဦးအသွင်နဲ့ ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။ မေမေမိုးယုရဲ့ အငြိမ့်ပွဲလေးကိုတော့ သားလေး ကောင်းသိင်္ခမိုးသူကလည်း သွားရောက်ပြီး အားပေးခဲ့ပါတယ်။

အခုလည်း မိုးယုက အငြိမ့်ပွဲတုန်းက သူမတို့သားအမိနှစ်ယောက်ရဲ့ အမှတ်တရပုံရိပ်လေးတွေကို " မာမီ အငြိမ့်ကတုန်းက ချစ်သားလေးပုံတွေ ခုမှပဲတင်ဖြစ်တော့တယ် " ဆိုပြီး တင်ပေးထားပါတယ်။ ဒါ့အပြင် မိုးယုသားလေးက အငြိမ့်ပွဲက တီးလုံးသံနဲ့အတူ အပြေးလေးလိုက်ကရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ အားရပါးရ အားပေးနေတာလေးက အရမ်းကို ချစ်စရာကောင်းနေတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် " နှင်းဆီပုဝါခြုံတဲ့လက် " ပွဲလေးက မိုးယုစံနဲ့ သားလေးတို့ရဲ့ ကြည်နူးစရာပုံရိပ်နဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Kaung Theinkha Moe Thu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။