ဝါသနာရှင် ရွက်ပုန်းသီးအဆိုတော်တစ်ဦးအဖြစ်ကနေ Melody World 2009 ခုနှစ်ရဲ့ winner ဆုရှင်တစ်ယောက်ဖြစ်လာပြီးနောက် အောင်မြင်မှုတွေ အဆက်ဆက်နဲ့ ပါရမီရှိ တဲ့ ဒေါက်တာမလေး အဆိုတော် နီနီခင်ဇော်ကို ပရိသတ်များ သိပ်ကို ချစ်ကြရင်းနှီးကြမှာပါ။ "မာရီယို" သီချင်းခွေးကနေ စတင်လို့ ပွဲဦးထွက် သီချင်းအပုဒ်တိုင်းစေ့ အောင်မြင်မှုတွေရရှိခဲ့တာပါ။ 

မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုတေးသံရှင်တစ်ဦးအဖြစ် နိုင်ငံတကာမှာလည်း ဆုတွေရယူသိမ်းပိုက်ပေးနိုင်ခဲ့သလို တေးသံရှင်တစ်ယောက်အဖြစ် ငြိမ်းချမ်းရေးသံတမန်တစ်ဦးအစြဖ်လည်း ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ သူမရဲ့ တချို့အဆွေးသီချင်းလေးတွေဟာ ခံစားချက်တွေကို ထိရှစေလာက်အောင် အဓိပ္ပာယ်ရှိလွန်းလှသလို တချို့အမြူးသီချင်းလေးတွေကတော့ ပျော်ပွဲရွှင်ပွဲ၊ ပါတီပွဲတိုင်းမှာ မပါမဖြစ်လောက်အောင် အရမ်းကို ရေပန်းစားပါတယ်။ သူမဟာ သူမရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ " Super Red" Cosmetics ကို စတင်ဖြန့်ချိတည်ထောင်ခဲ့ပြီး မိန်းကလေးတိုင်းရဲ့ မှန်တင်ခုံပေါ်နေရာယူထားနိုင်ခဲ့တဲ့ ရောင်းတန်းဝင် အရည်အသွေးပြည့်တဲ့ အလှကုန်ပစ္စည်းလေးဖြစ်လာခဲ့ပါတယ်။

လတ်တလောမှာတော့ နီနီတစ်ယောက် သူမရဲ့ နောက်ထပ် ဂီတမှတ်တိုင်တစ်ခုလေးအဖြစ် City FMရဲ့ (၁၇)ကြိမ်မြောက် အထိမ်းအမှတ်ပွဲနဲ့ ဂီတဆုပေးပွဲလေးမှာ "၂၀၁၈ တစ်နှစ်အတွင်း ပရိတ်သတ်တောင်းဆိုမှုအများဆုံး အမျိုးသမီးအဆိုတော်ဆု"လေးကို ရရှိခဲ့ပြန်ပါတယ်။ နီနီခင်ဇော်ဝတ်ဆင်ခဲ့တဲ့ ပန်းရောင်ညနေခင်းဝတ်စုံလေးကို ဒီဇိုင်နာမပုံ့က ပြုလုပ်ဖန်တီးပေးထားပြီး Handmade အနေနဲ့ ဝတ်စုံလေးမှာ ပန်းအစစ်လေးတွေကို အသုံးပြုထားတာဖြစ်ကာ အရမ်းကိုလှတဲ့ ဒီဝတ်စုံလေးနဲ့ နီနီတစ်ယောက် ဆုတက်ရောက်ယူခဲ့တာဖြစ်ပါတယ်။ 

source:NiNi khin Zaw ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။