ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ထူးဆန်းမှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာမြေကြီးထဲမှာ ပုံစံအမျိုးမျိုးနဲ့ ရှင်သန် ကျက်စားနေတဲ့ သတ္တဝါမျိုးစုံရှိပါတယ်။ ဒီလို သတ္တဝါလေးတွေထဲမှာ အများနဲ့မတူတဲ့ ထူးထူးဆန်းဆန်း မျိုးစိတ်တွေကလည်း အများကြီးပါပဲ။ အခုမြင်တွေ့နေရတယ့် အကောင်လေးတွေကတော့ တွေ့ရခဲလှတဲ့ အကောင်လေးတွေပဲ ဖြစ်ပါတယ်။ 

ဒီအကောင်လေးတွေဟာ သူတို့နဲ့ မျိုးစိတ်တူတဲ့ အကောင်တွေနဲ့ လုံးဝကို ပုံစံခြားနားပါတယ်။ သူတို့ဟာ ပင်လယ်ကြမ်းပြင်ရဲ့ အောက်ခြေဘက်မှာ နေထိုင်ကြတာ များပြီး အကြည်ရောင် ကိုယ်ထည်တွေနဲ့မို့ သေချရှာာမှ တွေ့နိုင်မှာလည်း ဖြစ်ပါတယ်။ ဒီအထဲမှာပါတဲ့ တချို့အကောင်တွေဟာဆိုရင် ရေထဲမှာတင် မဟုတ်ပဲ ကုန်းပေါ်မှာလည်း ရှင်သန်ကျက်စားနေတဲ့ အကောင်လေးတွေလည်းပါဝင်ပါတယ်။ 

လိပ်ပြာတို့ ပုရွက်ဆိတ်တို့မှာတောင် အခုလို အကြည်ရောင် ကိုယ်ထည်နဲ့ မျိုးစိတ်တွေတစ်ကယ်ရှိပါတယ်။ ဒါ့ကြောင့် အထူးအဆန်းကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဒီလိုအကောင်လေးတွေကို စုစည်းပြီးဖော်ပြပေးထားပါတယ်နော်။ နောက် လည်းဒီလို ထူးဆန်းတာလေးတွေကို ရှာဖွေတင်ဆက်ပြီး ဖော်ပြပေးအုန်းမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးကြပါအုန်းဗျ။ 

Source : Pet Lover 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။