ပရိသတ်တွေရဲ့ အားပေးမှုတွေကို ကိုယ်စီပိုင်ဆိုင်ထားတဲ့ မင်းသမီးနှစ်ဦးဖြစ်တဲ့ စိုးပြည့်သဇင်နဲ့ မြနှင်းရည်လွင်တို့ကတော့ ယခုလတ်တလောမှာ အင်တာနက်ပေါ်မှာ ခေတ်စားနေတဲ့ 10 years ago challenge မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ နှစ်ယောက်လုံးက ပရိသတ်တွေရဲ့ အချစ်တွေကို ကိုယ်စီရရှိထားတဲ့ အပြင် သရုပ်ဆောင်တဲ့ နေရာမှာ အရည်အချင်းရှိတဲ့ သရုပ်ဆောင်ကောင်းတွေ ပဲ ဖြစ်ပါတယ်။

အနုပညာသက်တမ်းတစ်လျှေက်မှာ ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုးပြည့်က လက်ရှိအချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တက်သစ်စမင်းသမီးတစ်ဦးဖြစ်ပေမယ့် သရုပ်ဆောင် ပိုင်နိုင်ထူးချွန်တဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။ နှစ်ယောက်စလုံးက စိတ်ထားဖြူစင်ပြီး ရိုးရိုးယဉ်ယဉ်လေးနဲ့ အ၇မ်းချစ်ဖို့ကောင်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိထားတဲ့ သူလေးတွေဖြစ်ပါတယ်။

လက်ရှိမှာ အင်တာနက်စာမျက်နှာပေါ်မှာခေတ်စားနေတဲ့ 10 years ago challenge မှာပါဝင်ပြီး ပရိသတ်တွေ မထင်မှတ်ထားလောက်အောင် ပြောင်းလဲ သွားကြတဲ့ သူမတို့ နှစ်ဦးရဲ့ ချစ်စရာကောင်းတဲ့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ခါတော်မှီလေးတင်ထားတာဖြစ်ပါတယ်။ ပုံလေးတွေတင်ရင်း စိုးပြည့်က သူမကို ယနေ့အချိန်ထိချစ်ခဲ့ပေးကြတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်စကားဆိုထားတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

Source:Soe Pyae Thazin, Myahnin Yee Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။