ပရိသတ်ကြီးရေ အကယ်ဒမီဆုရှင်မင်းသမီးချောရတနာရဲ့ တစ်ဦးတည်းသောညီမလေးဖြစ်တဲ့ သန္တာဗိုလ်ကို သိကြမယ်ထင်ပါတယ်။ သူမဟာဆိုရင် အနုပညာလမ်းပေါ်မှာ အမခြေရာနင်းနိုင်အောင် ကြိုးစားလျှောက်လှမ်းနေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ အမနဲ့ ရုပ်ချင်းဆင်တာဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာလည်း အမနည်းတူ သရုပ်ဆောင်ပိုင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ခပ်ချေချေ မျက်နှာထားပုံစံလေးနဲ့ ဆွဲဆောင်မှုရှိရှိ ခန္ဓာကိုယ်ပိုင်ဆိုင် ထားတဲ့အတွက်ကြောင့် ပရိသတ်တို့အများအပြားက ဝန်းရံအားပေးလျက်ရှိတာပဲဖြစ်ပါတယ်။  

သူမဟာ သရုပ်ဆောင်မင်းသား ကောင်းပြည့်နဲ့အတူ သာယာအေးချမ်းသော ချစ်သူဘဝကို တည်ဆောက်နေတာဖြစ်ပြီး အနုပညာအလုပ်တွေကို တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီလုပ်ဆောင်နေတာကို ပရိသတ်ကြီးတို့အနေနဲ့ မုဒိတာပွားဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ အမြဲအတူသွားအတူလာ ချစ်ချစ်ခင်ခင်နေထိုင်ကြတဲ့ သူတို့နှစ်ဦးဟာ ပရိသတ်တွေအားကျရတဲ့ ချစ်သူစုံတွဲတွေဖြစ်လို့နေပါတယ်။ သရုပ်ဆောင်မင်းသားကောင်းပြည့် ဟာဆိုရင်လည်း သူရဲ့ တစ်ဦးတည်းသော ချစ်သူလေးဖြစ်တဲ့ မင်းသမီး သန္တာဗိုလ်ကို အမြဲအလိုလိုက်ပြီး အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက်ရှိနေတာကလည်း ချစ်ဖို့ကောင်းတဲ့ ပုံပန်းသဏ္ဍာန်တွေကိုထင်ဟပ်စေတာလည်းဖြစ်ပါတယ်။

သူမဟာဆိုရင် လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook စာမျက်နှာပေါ်တွင် သူမရဲ့ အလှပုံရိပ်တွေကို ချစ်ပရိသတ်ကြီးအတွက် အမြဲထုတ်ဖော်မျှဝေပေးလျက်ရှိနေတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်းသူမ လိုချင်တဲ့ ဆံပင်ပုံစံလေးကို ညှပ်ပြီး ခရမ်းပန်းနုရောင်လေးကို ဆိုးထားတဲ့ အတွက်ကြောင့် ဝမ်းသာပျော်ရွှင်နေတဲ့ အပြုံးတွေကို ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်သူ ကောင်းပြည့် ရိုက်ပေးထားတဲ့ပုံရိပ်လေးတွေနဲ့အတူ "လိုချင်တဲ့ Hair Color ကွက်တိ thz Empire Charme Myanmar" လို့လည်းကျေးဇူးတင်စကားဆိုထားတဲ့ status လေးကို သူမရဲ့ official fb acc တွင်ဖော်ပြထားတာဖြစ်ပြီး Myanmarload စာဖတ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

source Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။