ပရိသတ်ကြီးရေ ကိုရီးယားမင်းသားလေးလို ချောမောလွန်းတဲ့ ပိုင်အုပ်စိုးအောင်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ဦး ဖြစ်ပါတယ်။ မော်ဒယ်တစ်ဦး ဖြစ်တဲ့ပိုင်အုပ်စိုးအောင်ကတော့ အခုဆိုရင်ကြော်ငြာတွေရိုက်ကူးနေရတယ်လို့လည်းသိရပါတယ်။ ကလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်လေးဆိုလည်းမမှားပါဘူးနော်။

လူငယ် အနုပညာရှင်လေး အုပ်စိုးခန့်ဟာဆိုရင်လည်း လူငယ်ဆယ်ကျော်သက် နှုတ်ခမ်းနီမလေး တွေရဲ့ အသဲစွဲ ကောင်လေးတစ်ယောက် ဖြစ်ပါတယ် ။ သူ့ Studio မှာအသံသွင်းတဲ့ video လေးတစ်ခုကို အွန်လိုင်းပေါ်တင်ခဲ့ရာကနေ မိန်းကလေး ပရိသတ်တွေ အများအပြားနှစ်ခြိုက်သဘောကျမှုရရှိခဲ့ပြီး စတင်အောင်မြင်လာတာဘဲဖြစ်ပါတယ် ။ ဝေဖန်ပြောဆိုမှုတွေ အများပြားရှိခဲ့ပေမယ့် သူကတော့ သူဝါသနာပါရာ အနုပညာကို အားမလျှော့ဘဲ ဆက်လက် လုပ်ကိုင်နေဆဲဘဲဖြစ်ပါတယ် ။

လတ်တလောမှာတော့ သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ အခွီတစ်လိုင်း မျက်နှာပြောင်ကာရိုက်ထားတဲ့ Tik Tok ဗီဒီယိုဖိုင်လေးကိုဖော်ပြထားတာတွေ့ရပါတယ်။အကြိမ်ကြိမ်အခါခါပြန်ကြည့်ချင်လောက်အောင်ကို အူတက်အောင်ရီနေရတာဖြစ်ပြီး နှစ်ယောက်လုံး ဗီဒီယိုလေးထဲမှာ အရမ်းချစ်ဖို့ကောင်းနေတာလည်းဖြစ်တာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source:Paing oak Soe Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။