စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းသည် မန်ယူအသင်းနှင့်ယှဉ်ပြိုင်ကစားသည့်ပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သောကြောင့် နှစ်လခန့်အနားယူရမည် ဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်၌ စပါးအသင်းတွင် ဟယ်ရီကိန်းဒဏ်ရာရရှိသကဲ့သို့ ဆွန်ယောင်မင်သည်လည်း တောင်ကိုရီးယားအသင်းအတွက် သွားရောက်ကစားပေးနေသည့် အတွက် အသင်းတိုက်စစ်ပိုင်းတွင် ခက်ခဲသည့်အခြေအနေတစ်ခုနှင့်ရင်ဆိုင်နေရသည်။ 

ဟယ်ရီကိန်းရဲ့ဒဏ်ရာအခြေအနေကို ပြင်းထန်ခြင်းမရှိဟု စပါးအသင်းက ထုတ်ပြန်ထားသော်လည်း ဒဏ်ရာအားအသေးစိတ်စစ်ဆေးခဲ့ရာ ခြေချင်းဝတ်အဆစ်လွဲသွားခြင်း ဖြစ်သည်။ စပါးအသင်းက “ ဟယ်ရီကိန်းရဲ့ဒဏ်ရာအခြေအနေကို ပမာဏစစ်ဆေးခဲ့တုန်းက ပြင်းထန်ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါပင်မဲ့ အသေးစိတ်ပြန်လည်စစ်ဆေးကြည့်တော့ ခြေကျင်းဝတ်မှာ အဆစ်လွဲနေတာ တွေ့ရပါတယ်။ သူ့အနေနဲ့ အသင်းရဲ့ဆေးအဖွဲ့ဆီမှာပဲ ဆေးကုသမှုခံယူသွားမှာ ဖြစ်ပါတယ်။ ဒဏ်ရာသက်သာလာဖို့အတွက် လိုအပ်တဲ့လေ့ကျင့်ခန်းတွေကိုလည်း ဆေးအဖွဲ့ရဲ့ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိဒဏ်ရာအခြေအနေအရ သူဟာမတ်လအစောပိုင်းလောက်မှပဲ လေ့ကျင့်ခန်းပြန်ဆင်းနိုင်မှာပါ" ဟု ထုတ်ပြန်ခဲ့သည်။

ဟယ်ရီကိန်းရဲ့ဒဏ်ရာအခြေနေပြင်းထန်ခဲ့သဖြင့် သူ့ကိုကာလရှည်လက်လွှတ်ထားရမည် ဖြစ်သဖြင့် စပါးအသင်းအတွက်ကြီးမားသောဆုံးရှုံးမှုတစ်ရပ်ဖြစ်ကြောင်း နည်းပြပိုချက်တီနိုကပြောကြားခဲ့သည်။ ထို့အပြင်စပါးအသင်းအနေအဖြင့် ဟယ်ရီကိန်းနေရာတွင် အရန်တိုက်စစ်မှူးဖြစ်သည့် လော်ရန်တေးကိုသာအသုံးပြုရဖွယ်ရှိနေသော်လည်း သူသည်အသင်းမှထွက်ခွာရန်ဆန္ဒရှိနေသည်ဟု ပြောကြားထားသောကြောင့် အသင်းအနေဖြင့် ယခုအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးတစ်ယောက်ခေါ်ယူရန် လိုအပ်နေကြောင်းသိရသည်။

Source - Goal.com 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။