ပရိတ်သတ်ကြီးရေ ... အရမ်းကိုမိုက်တဲ့ ခန္တာကိုယ်အချိုးအစားလေးကို ပိုင်ဆိုင်ထားပြီး ရင့်ကျက်တည်ငြိမ်တဲ့အလှတရားရဲ့ ပိုင်ရှင် မော်ဒယ်သရုပ်ဆောင်မလေး ဘေဘီမောင်ကိုပရိတ်သတ်ကြီးသိမှာပါနော်။ အစပိုင်းမှာတော့ သူမဟာsexyကျကျဖက်ရှင်လေးတွေကို ဝတ်ဆင်တတ်တာကြောင့် ပရိတ်သတ်အချို့ရဲ့ဝေဖန်မှုကို ခံခဲ့ရပေမယ့် အခုနောက်ပိုင်းမျာတော့ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေနဲ့ ယဉ်ယဉ်လေးလှနေတဲ့ သူလေးပဲဖြစ်ပါတယ်နော်။

မော်ဒယ် အနုပညာလောကထဲကနေ သရုပ်ဆောင် နယ်ပယ်ထဲကို ဝတ်ရောက်လာသူဖြစ်ပေမယ့် သဘာဝကျကျနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်တတ်တဲ့ သူမရဲ့အနုပညာအရည်အချင်းတွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့သူလေးလည်းဖြစ်ပါတယ်။ Sexyဖက်ရှင်လေးတွေကြောင့် ပိုပြီးလူသိများလာတဲ့ ဘေဘီမောင်တစ်ယောက်ကတော့ အခုအခါမှာတော့ ပရိတ်သတ်တွေမြင်ချင်နေတဲ့ မြန်မာဖက်ရှင်လေးနဲ့ ကျက်သရေရှိရှိလေးသာ မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်နော်။

သူမဟာ "အရင်တုန်းကsexyပုံတွေရိုက်ဖြစ်တယ် အဲတုန်းကlikeတွေshareတွေများတယ် ခုချိန်မှာမြန်မာဝတ်စုံနဲ့ကျတော့likeတွေနသွားတယ်ဒါမဲ့စိတ်ဓာတ်မကျဘူး ငယ်ရွယ်တဲ့အချိန်မှာရိုက်မိခဲ့တယ် အမှားကိုသိလို့အမှန်သိတဲ့လူတစ်ယောက်အနေနဲ့ကျမလူတော်တစ်ယောက်ဖြစ်အောင်နေတယ် ကျမကမြန်မာမိန်းခလေး အလွန်ကျွံဖော်ချွတ်နေတာကိုကျမကိုယ်တိုင်ရွံရှာတယ် တကိုယ်လုံးဖော်ချွတ်နေပြမယ်အောင်မြင်မယ်ဆို အောင်မြင်မူ့နောက်ကွယ်မှာပဲနေတော့မယ်" "တစ်ခါတလေ ပွဲတက်များဝတ်စားဆင်ယင်တာကိုမပြောလို့ပါ အားလုံးကိုချစ်ပါတယ်"ဆိုပြီးပရိတ်သတ်တွေကိုပြောပြထားပါတယ်။ အခုလိုပြောခြင်းကလည်းမည်သူကိုမှမရည်ရွယ်ပဲ ကိုယ့်အကြောင်းကိုယ် တင်ပြခြင်းသာဖြစ်ကြောင်းလည်း ထပ်လောင်းပြောထားပါသေးတယ် ပရိတ်သတ်ကြီးရေ...။

Source : Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။