ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား ပြေတီဦးနဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည်တို့ နှစ်ယောက်ကတော့ နှစ်သစ်မှာ ဇာတ်ကားအသစ်လေးနဲ့ ပရိသတ်တွေရှေ့ထွက်ပေါ်လာခဲ့ပါတယ်။ အတွဲညီညီနဲ့ ကျရာဇာတ်ရုပ်မရွေး ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ကြတဲ့ တီတီနဲ့ ရွှေကစ်တို့နှစ်ယောက်ကိုတော့ " အဓိပတိလမ်းက နဂ္ဂ္ဂတစ်များ " ဆိုတဲ့ဇာတ်ကားလေးမှာ လူငယ်ကျောင်းသား စုံတွဲလေးအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားလေးကတော့ စာရေးဆရာ နီကိုရဲရဲ့ " ကြည်ပြာရောင် နဂ္ဂတစ်များ " ဆိုတဲ့စာအုပ်လေးကို New Version အနေနဲ့ ဖန်တီးပုံဖော်ထားတာ ဖြစ်ပါတယ်။ "အဓိပတိလမ်းက နဂ္ဂ္ဂတစ်များ" လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားလေးမှာတော့ သရုပ်ဆောင်တွေအဖြစ် ရဲအောင်၊ ပြေတီဦး၊ ဝတ်မှုန်ရွှေရည်၊ ယွန်းရွှေရည်နဲ့ အနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားပြီး ဟာသအလွဲလေးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။

နှစ်သစ်မှာ လိုက်ဖက်ညီတဲ့ စုံတွဲလေးအဖြစ် တီတီနဲ့ ရွှေကစ်တို့ သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကတော့ လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ အမြဲလိုလို အလွဲလုပ်တတ်တဲ့ ရဲဝင်းနဲ့ ရဲဝင်းရဲ့အလွဲလေးတွေကို အမြဲဒဏ်ခံရတဲ့ ကြည်ပြာ၊ သူတို့နှစ်ယောက်ရဲ့ ရန်ဖြစ်လိုက် စိတ်ဆိုးလိုက်နဲ့ တက္ကသိုလ်ကျောင်းသားဘ၀ ဖြစ်ရပ်လေးတွေကို ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပြေတီဦးနဲ့ ဝတ်မှုန်ရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ "အဓိပတိလမ်းက နဂ္ဂ္ဂတစ်များ" ဇာတ်ကား Trailer ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:အဓိပတိလမ်းက နဂ္ဂ္ဂတစ်များ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။