ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ဖမ်းစားနိုင်လွန်းတဲ့ ပြည်သူချစ်တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ တောင်ကြီးသူအချောအလှလေး Hanna Yuri ကို ပရိသတ်များ ရင်းနှီးနေကြမှာပါ။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး Special Makeup (မိတ်ကပ်အထူးဖန်တီးသူ) အဖြစ်သာမက အလှအပရေးရာမိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ် ရုပ်ရှင်နဲ့ ဇာတ်လမ်းနောက်ကွယ်တွေမှာ ဝင်ရောက်အားဖြည့်ပေးနေပြီး အကောင်းဆုံး ကြိုးစားနေတဲ့ မိန်းမချောလေးတစ်ယောက်ဖြစ်ပါတယ်။

Hanna Yuri ဟာ သူမဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံအခြေအနေ အမျိုးမျိုးကနေ အကောင်းဆုံးပြန်လည်တည်ဆောက်နိုင်အောင် ကြိုးစားနိုင်ခဲ့တဲ့ အရမ်းကို စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မိဘအကူအညီမပါပဲ သူမကိုယ်တိုင်ရပ်တည်လို့ အချိန်ပိုင်းကြော်ငြာမော်ဒယ်လ်၊ မိတ်ကပ်ပညာရှင် စသဖြင့် အောက်ခြေသိမ်းကနေကြိုးစားသင်ယူခဲ့ပါတယ်။ သူမတတ်မြောက်ထားတဲ့ မိတ်ကပ်ပညာတွေကိုလည်း ပြန်လည်မျှဝေတဲ့ အနေနဲ့ လည်း သူမရဲ့ကိုယ်ပိုင် မိတ်ကပ်တန်းခွဲလေးတွေအဖြစ် ပြန်လည် သင်ကြားပို့ချပေးနေတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာသာမက မြန်မာနိုင်ငံမှပါ ကြော်ငြာမော်ဒယ်လ်၊ သရုပ်ဆောင်အဖြစ်အနုပညာအလုပ်တွေကို ကြိုးစားနေပြီး ယခုနောက်ပိုင်းမှာတော့ နေရာတဖြေးဖြေးရရှိလာခဲ့တဲ့ သူမဟာ အနုပညာလောကနဲ့ သီချင်းMTV လောကမှာပါ မြင်တွေ့ရတာလေးတွေ ခပ်စိတ်စိတ်ရှိလာပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ မြို့ပြရဲ့ ဝေးရာအေးချမ်းတဲ့ တောင်ပေါ်မြို့လေးဖြစ်တဲ့ ကလောမြို့လေးမှာ Camping trip ခရီးစဉ်လေးရီုက်ကူးနေပြီ ဆောင်းအငွေ့အသက်လေးနဲ့အတူ အရမ်းကို ချစ်ဖို့ကောင်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်။

source:Hannayuri ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။