လက်ရှိအချိန်မှာဆိုရင်တော့ ကမ္ဘာ့လူဦးရေတော်တော်များများရဲ့ တရိစ္ဆာန်လေးတွေရဲ့အသားကို စားနှုန်းဟာ ပိုပိုပြီးမြင့်တက်လာခဲ့ပါတယ်။

ကမ္ဘာပေါ်က နေရာတော်တော်များများမှာဆိုရင်လည်း တိရိစ္ဆာန်လေးတွေရဲ့ အသားကိုလျှော့စားဖို့နဲ့ သူတို့လေးတွေရဲ့ အသက်ကို သနားကြင်နာကြဖို့ ဟောပြောပွဲတွေ ၊ တိုက်တွန်းမှုတွေများစွာပြုလုပ်ခဲ့ပေမယ့် သိပ်အရာမထင်ခဲ့တာတွေ့ရပါတယ်။

အဲ့တာကြောင့် စပိန်နိုင်ငံ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်ရေးအဖွဲ့အစည်းကလူတွေကတော့ လူအများကိုထိထိရောက်ရောက်ဖြစ်စေမယ့် အရာတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။  

သူတို့တွေကတော့ ဘာစီလိုနာမြို့လမ်းမကြီးတစ်ခုပေါ်မှာ သူတို့ရဲ့အဝတ်အစားတွေကိုချွတ်ကာ သွေးအတုတွေ ကိုခန္ဓာကိုယ်ပေါ်ကိုလောင်းချခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူတို့ဟာ စူပါမားကတ်တွေမှာရောင်းတဲ့ အသင့်ချက်စား အသားတွေပုံစံအတိုင်း ဖော့ဘူးပေါ်မှာထိုင်နေပြီး အပေါ်ကနေ ပလတ်စတစ်အုပ်စေခဲ့ပါတယ်။

ဒါ့အပြင် ၎င်းပလတ်စတစ်ပေါ်မှာလည်း Human Meat အသင့်ချက်စားလူသား လို့ တံဆိပ်ကပ်နှိပ်ထားပြီး လမ်းမကြီးပေါ်မှာ အချိန်အတန်ကြာအောင် သရုပ်ပြခဲ့ကြပါတယ်။

သူတို့ဒီလိုလုပ်ရတဲ့အဓိကအကြောင်းရင်းကတော့ သိပ်သနားဖို့ကောင်းတဲ့ တိရိစ္ဆာန်လေးတွေဟာ လူသားတွေစားသုံးဖို့အတွက် အကြောင်းပြချက်မရှိဘဲ နေ့စဉ်အကောင်ရေ သိန်းနဲ့ချီ အသတ်ခံနေရတာတွေကို လျှော့ချပေးနိုင်စေဖို့အတွက်ပဲဖြစ်ပါတယ်။

ဒါ့အပြင်သူတို့ဟာ လူသားတွေအနေနဲ့ တိရိစ္ဆာန်လေးတွေရဲ့ နေရာကနေ ဝင်ရောက်ခံစားပြီး သနားကြင်နာတတ်စေဖို့ကိုလည်း အဓိကရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေလည်း တိရိစ္ဆာန်လေးတွေကို သနားကြင်နာပြီး သူတို့ရဲ့အသားလေးတွေကို လျှော့စားကြဖို့ ဒီသတင်းလေးနဲ့ တိုက်တွန်းလိုက်ပါရစေနော်။ 

SOURCE - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။