သေဆုံးပြီး မကျွတ်မလွတ်သေးတဲ့ ဝိဉာဏ်တွေဟာ သက်ရှိလူသားတွေရဲ့ပတ်ဝန်းကျင်မှာ ရှိနေတယ်ဆိုတာက လက်မခံလို့မရတဲ့ အမှန်တရားတခုပါပဲ။

ကိုယ်တွေက ဝိဉာဏ်တွေကို မမြင်တွေ့နိုင်ပေမယ့် ဝိဉာဏ်တွေက ကိုယ်တွေကို ဖြတ်တိုက်သွားတာပဲဖြစ်ဖြစ် ဘေးနားကဖြစ်သွားတာပဲဖြစ်ဖြစ် ကြက်သီးတွေဖြန်းဖြန်းထလာတာကိုတော့ ပရိသတ်တွေတော်တော်များများလည်း ခံစားဖူကြမယ်လို့ထင်ပါတယ်။ 

တခါတရံကိုယ်တွေ အိမ်မှာမရှိပေမယ့် အိမ်ပြန်လာတဲ့အခါ ပစ္စည်းတွေက နေရာယွင်းနေတာမျိုးတွေ ညဘက်ကိုယ်တွေမရှိတဲ့အချိန်မှာလည်း အိမ်ထဲမှာ ဆူညံသံတွေကြားနေရတာမျိုးတွေကလည်း ဝိဉာဏ်တွေနဲ့ သက်ဆိုင်နေတယ်လို့ တပ်အပ်ပြောလို့မရပေမယ့် တချို့သောဖြစ်ရပ်တွေကတော့ ဝိဉာဏ်တွေနဲ့ သက်ဆိုင်ကောင်းဆိုင်နေနိုင်ပါတယ်။

ပရိသတ်တွေကို ယခုဖော်ပြပေးခြင်တဲ့ ဗီဒီယိုလေးဟာဆိုရင်လည်း စောင့်ကြည့်ကင်မရာတွေထဲကနေ ဝိဉာဏ်တွေရဲ့ လှုပ်ရှားမှုတွေကို ဖမ်းမိထားတဲ့ ဗီဒီယိုလေးတစ်ခုပဲဖြစ်ပါတယ်။ 

ဒီဗီဒီယိုလေးထဲမှာဆိုရင်တော့ လူတဦးတယောက်မှမရှိပေမယ့် ပစ္စည်းတွေကနေရာယွင်းသွားတာမျိုးတွေ ၊ တံခါးတွေသူ့အလိုပိတ်သွားတာမျိုးတွေအပြင် ဝိဉာဏ်တွေရဲ့ခြောက်လှန့်မှုတွေကို လက်တွေ့ခံစားလိုက်ရတဲ့ လူသားတွေရဲ့ဖြစ်ရပ်တွေ ပါဝင်နေပါတယ်။

ဒါ့အပြင် ဘယ်နေ့ကဘယ်အချိန်မှာ ဖြစ်ပေါ်ခဲ့တယ်ဆိုတာပါ အတိအကျဖော်ပြထားပေးတဲ့ ဗီဒီယိုလေးတစ်ခုဖြစ်တာကြောင့် ဒါဟာ မယုံကြည်လို့မရတဲ့ အမှန်တရားကိုဖော်ပြနေတဲ့ ဗီဒီယိုလေးတစ်ခုပါပဲ။

ပရိသတ်တွေလည်း ဒီဗီဒီယိုလေးကို ကြည့်ပြီး ဗဟုသုတတွေရရှိနိုင်စေဖို့အတွက် ဗီဒီယိုလေးကိုပါ တပါတည်းဖော်ပြပေးလိုက်ရပါတယ်။

Source _ The Top Man

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။