သဘောထားကြီးပြီး ချစ်တတ်လွန်းတဲ့ Justin Bieber ရဲ့ ရည်းစားဟောင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ Hailey Baldwin ဟာ သူမရဲ့ တစ်သက်တာ ကို ခွင့်လွတ်တဲ့ အချစ်၊ ပေးဆပ်တဲ့ အချစ်၊ သဘောကြီးပြီး နားလည်ပေးတတ်လွန်းတဲ့ မိခင်တစ်ယောက်လို အချစ်မျိုးနဲ့ ချစ်ပေးခဲ့နိုင်သူလို့ ဆိုရမှာပါ။ သူမရဲ့ ဖခင်ဟာ ဟောလီဝုဒ်လောကမှ နာမည်ကြီးတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး အသက်(၂၂) နှစ်သာရှိသေးတဲ့ သူမအတွက် မော်ဒယ်လ်တစ်ယောက် အနေနဲ့အပြင် ဟောလီဝုဒ်ရုပ်ရှင်မင်းသမီးတစ်ယောက် အနေနဲပါ ဒီထက်ပို အခွင့်အရေးရှိနိုင်ပါတယ်။

သို့ပေမဲ့ Justin နဲ့ ပြန်လည်လက်တွဲပြီးနောက်ပိုင်း သူမရဲ့ professional အလုပ်ဖြစ်တဲ့ ဖက်ရှင်လ်မော်ဒယ်လ်တစ်ယောက်အလုပ်တွေအဖြစ်ကနေ ပါ အလုပ်တွေကျဲလာခဲ့သလို သူမရဲ့ အချိန်တော်တော်များများကို Justin Bieber အတွက် ပေးဆပ်ထားသူပါ။ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ လောက်မှာ လက်ထပ်ခဲ့ပြီး အောက်တိုဘာလမှာတော့ မော်ဒယ်လ် Hailey Baldwin ဟာသူမရဲ့ နောက်ဆုံးနာမည် Baldwin ကို ခင်ပွန်းဖြစ်သူ Justinရဲ့ နောက်ဆုံးနာမည် Bieber ကို ခံယူခဲ့ပြီး လက်ရှိ သူမနာမည်ကတော့ Hailey Rhode Bieber ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲလေးကို ၂၀၁၉ခုနှစ်နှစ်ဆန်းပိုင်း နွေဦးလောက်မှာ ကျင်းပဖြစ်မယ်လို့ Eonline News ကို ဖြေကြားခဲ့တဲ့ အတိုင်း အမှန်ဆိုရင်တော့ သူတို့မင်္ဂလာပွဲကို ဒီဇန်နဝါရီလအတွင်းမှာ ကျင်းပဖြစ်မှာပါ။ သို့ပေမဲ့လည်း ထင်တာထက်ပိုနောက်ကျခဲ့သလို သူတို့ရဲ့ မင်္ဂလာပွဲကို ဖေဖော်ဝါရီလ၊ (၂၈)ရက်နေ့ လောက်မှာ ကျင်းပမယ်လို့ကြားသိရပြီး မင်္ဂလာပွဲကို မိတ်ဆွေသူငယ်ချင်း၊ မိဘတွေနဲ့သာ အတတ်နိုင်ဆုံးအကျဉ်းချုပ်နဲ့ ပြုလုပ်မှာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ Pre-Wedding ပုံတွေကို ဒီဇင်ဘာလလောက်မှာ ရိုက်ကူးပြီးစီးခဲ့ပြီး လက်ရှိမှာ မကြာခင်ကျင်းပတော့မဲ့ လက်ထပ်ပွဲအတွက် Justin နဲ့ Hailey တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ အပြင်းအထန်အားကစားပြုလုပ်ဖြစ်နေပါတယ်။ 

source: http://www.justjaredjr.com/ & https://www.eonline.com/news; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။