ပရိသတ်ကြီးရေ အဆိုတော်မလေး ပိုပိုကတော့ "ချစ်ဖူးခဲ့သမျှ" သီချင်းအခွေလေးနဲ့ အားလုံးရင်ထဲမှာ နေရာယူခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးတစ်ကိုယ်တော် အယ်ဘမ်လေးနဲ့တင် အောင်မြင်ရခဲ့တဲ့ ပိုပိုက အခုဆိုရင် ရှိုးပွဲပေါင်းများစွာ သီဆိုနေရသလို တေးအမ်ဘမ်အသစ်တွေ ထွက်ရှိထားပါတယ်။ လတ်တလောမှာလည်း ပိုပိုက အခွေသစ်လေး ထွက်ရှိထားတာဖြစ်ပြီး အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားတာ တွေ့ရပါတယ်။

သီချင်းလေးတွေကို ကိုယ်တိုင်ရေးစပ်ဖန်တီး သီဆိုလေ့ရှိတဲ့ ပိုပိုက လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အဆိုတော်မလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ဖက်ရှင်အလန်းတွေနဲ့ သူမကို ပုရိသကိုကိုတွေကလည်း ချစ်ခင်ကြပါတယ်။ ပိုပိုက သူမရဲ့ facebook မှာ Tik Tok ဗီဒီယိုလေးတွေကို မကြာခဏတင်လေ့ရှိပြီး သူရဲ့ Tik tok ဗီဒီယိုလေးတွေကလည်း ရေပန်းစား လူကြိုက်များတာတွေ့ရပါတယ်။

လတ်တလောမှာလည်း တစ်ချိန်က သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ရိုက်ထားတဲ့ အမှတ်တရ ဗီဒီယိုလေးကိုပြန်လည်ဖော်ပြကာ အစ္စဏီကို သတိ၇ကြောင်းပြောကြားထားတဲ့ စာလေးကိုတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးနဲ့ သီချင်းတွေဆိုကာ စနောက်နေတာကြည့်ပြီး ကြည်နူးစရာကောင်းတာကြောင့်ပရိသတ်ကြီးကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Source:Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။