မြန်မာနိုင်ငံရဲ့ ထိပ်တန်း Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးကတော့ ယခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို လက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာတော့ Beauty Blogger တစ်ယောက်အနေနဲ့သာမကပဲ ကြော်ငြာမော်ဒယ်တစ်ယောက်မယအနေနဲ့သာမကပဲ ရုပ်ရှင်လောကထဲသို့ ဝင်ရောက်လာပြီပဲ ဖြစ်ပါတယ်။

လတ်တလောမှာလည်း “ ပုရိသ " ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးလည်းပါဝင်ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ အမြဲတမ်းပွင့်ပွင့်လင်းလင်းနဲ့ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အချက်လေးတွေကြောင့်လည်း ပရိတ်သတ်တွေကပိုပိုပြီး အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်။ သူမရဲ့ပရိတ်သတ်တွေအတွက်လည်း “ Your Social Media bff " ဆိုတဲ့ Planner လေးလည်း ထွက်ရှိထားပါသေးတယ်။  

မကြာခင်မှာပဲ သူမရဲ့မွေးနေ့လေးကို ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ၂၇ နှစ်ပြည့်တဲ့မွေးနေ့လေးမှာဆိုရင်တော့ “ ကိုယ်ပွား " ရုပ်ရှင်ကားရိုက်ဖူးဖို့အတွက် တောင်ကြီးမြို့မှာရှိနေမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားရိုက်ကူးပြီးစီးသည့်အခါ မွေးနေ့အမှတ်တရအနေနဲ့ မိဘကျေးဇူးကိုဆပ်သည့်အနေဖြင့် မယ်သီလရင်ဝတ်ဖို့စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ မွန်မြတ်တဲ့စိတ်ထားလေးနဲ့အနုပညာလမ်းကြောင်းကိုလျှောက်လှမ်းနေတဲ့ ချီချီရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo -Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။