မွေးနေ့မှာဆံပင်ပုံစံအသစ်လေးနဲ့ မြင်တွေ့ခဲ့ရတဲ့ ပရိသတ်အချစ်တော် နွယ်နွယ်ထွန်းကို သိကြမယ်ထင်ပါတယ်။ ခန္ဓာကိုယ်အမိုက်စားလေးနဲ့ ပုရိသတို့ရဲ့ အသည်းစွဲလေးဖြစ်တဲ့ သူမဟာဆိုရင် ခေတ်ရေစီးကြောင်းအတိုင်း ဝတ်စားပြင်ဆင်တက်သူဖြစ်ပင်မဲ့ နေရာဒေသပေါ်လိုက်ပြီး ရိုးရိုးယဉ်ယဉ် ပြင်ဆင်နေထိုင်တက်သူတစ်ယာက်ဖြစ်ပါတယ်။ ချိုသာလွန်းတဲ့အပြုံးတွေကိုပိုင်ဆိုင်ထားတာဖြစ်ပြီး လူတိုင်းအပေါ်မခွဲခြား မဆက်ဆံပဲ အရှိကိုအရှိတိုင်း ပေါင်းသင်းတက်သူဖြစ်တာမလို့ လူချစ်လူခင်ပေါများတာလည်းဖြစ်ပါတယ်။ 

ရစ်ရစ်ကတော့ ခရီးသွားဝါသနာပါသူတစ်ယောက်ဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်ပါတယ်။ ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်တက်တဲ့သူမရဲ့ စိတ်ထားလေးကို ပရိသတ်တို့အနေနဲ့ မုဒိတာပွားဖွယ် ကြည်ညိုသဒ္ဓါတရားပွားများနိုင်မှာပဲဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာ ဆိုရင်လည်း ခုခံအားကျဆင်းတဲ့ ရောဂါဝေဒနာကလေးငယ်တွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး အလှူဒါန ပြုလုပ်ခဲ့တာကို ပရိသတ်တို့အနေနဲ့ ပီတိဖြစ်ဖွယ် မြင်တွေ့ခဲ့ရပြီးပြီဖြစ်မှာပါ။ 

သူမရဲ့ အမဖြစ်တဲ့မော်ဒယ်လ်မိုးမြင့်သဇင်နဲ့အတူ social media လောကတွင် အောင်မြင်ကျော်ကြားရေးပန်းစားလာတာပဲဖြစ်ပါတယ်။ သူတို့ညီအမနှစ်ယောက်ဟာဆိုရင် ချစ်ချစ်ခင်ခင်နဲ့ အနုပညာအလုပ်တွေကို တစ်ယောက်နဲ့တစ်ယောက်ဖေးမလုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ သူမရဲ့ facebook စာမျက်နှာတွင် "ကိုယ့်ကို ဘယ်လိုပဲပုတ်ခတ်လာပါစေ...ပြုံးပြုံးလေးပဲနေလိုက်တယ် သူ့ကံနဲ့သူ သွားလိမ့်မယ်" ဆိုတဲ့ ဘဝအားဆေးတစ်ခွန်းနဲ့အတူ ပရိသတ်တို့ ရင်ထဲမှာ အေးမျှသွားစေတဲ့ ဘုရားဝတ်ပြု ကြည်ညိုဖွယ် အလှပုံရိပ်တွေကို myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

source Nwe Nwe Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။